Connect with us

Local

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံံ့ဖြိုးရေး ဝန်ကြီးဌာနသို့ အကြွေးကျန် ပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား တရားစွဲဆို ဆောင်ရွက်လျက်ရှိ

၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပ နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံံ့ဖြိုးရေး ဝန်ကြီးဌာန သို့ အကြွေးကျန် ပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား အများနှင့်ဆိုင်သော ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆို ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ဆွေးနွေးရာတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံံ့ဖြိုးရေး ဝန်ကြီးဌာနမှ ကျပ် ၃၁.၇၉၃ ဘီလီယံ ပေးသွင်းရန် ကျန်ရှိနေပြီး၊ နိုင်ငံတော်ကို ပေးသွင်းရန် ငွေပမာဏ အများဆုံး ကျန်ရှိသည့် ဝန်ကြီး ဌာနဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ကြွေးကျန် ကျပ် ၃၁.၇၉၃ ဘီလီယံ နှင့်ပတ်သက်၍ ကြွေးကျန် စာရင်းများကို စစ်ဆေးသည့်အခါ ဌာနမှ အလွဲသုံးစား ပြုလုပ်ထားခြင်းမျိုး မဟုတ်ပဲ လုပ်ငန်းရှင်များမှ ဌာနသို့ ပေးရန်ကျန် ရှိသည့် ကြွေးမြီများ ဖြစ်သည် ဟု သတင်း ထုတ်ပြန်သည်။

မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံံ့ဖြိုးရေး ဝန်ကြီးဌာနသည် ကြွေးကျန် လုပ်ငန်းရှင်များအား အများနှင့်ဆိုင်သော ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး၊ တရား စွဲဆိုခြင်းမပြုမီ ကြွေးကျန်မှာ ကျပ် ၃၂.၅၈၄ ဘီလီယံ ရှိပြီး၊ ကြွေးကျန်လုပ်ငန်းရှင် ၁၀ ဦး၏ ကြွေးမြီ အပြေအကျေ ပေးဆပ်မှု အပါအင် ကြွေးကျန် ပေးဆပ်မှုမှာ ၉ ရာခိုင်နှုန်းကျော်ရှိပြီး၊ ယခုအချိန်တွင် ကြွေးကျန် ကျပ် ၂၉.၄၂၂ ဘီလီယံ ကျန်ရှိနေကြောင်း၊ ကြွေးမြီ အကျေပေးဆပ်သူ ၁၀ ဦးအနက် အမှု ၂ မှု ရုပ်သိမ်းခဲ့ပြီး ၈ မှုမှာ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ ကြွေးကျန်သူများ နှင့်ပတ်သက်၍ တရားရုံးတင်ပြီး ၂ မှု၊ တရားရုံးတင်ရန် ဆောင်ရွက်ဆဲ အမှု ၅၁ မှု ရှိကြောင်း သိရသည်။

ကြွေးကျန် အများဆုံး လုပ်ငန်းရှင် ၁၀ ဦးထံမှ ရရန်ငွေ ကျပ် ၂၅.၅၉၂ ဘီလီယံ ကျော်ရှိကြောင်း သိရသည်။ (Xinhua)