Connect with us

Local

လတ်တလော ကာလ နိုင်ငံခြားငွေ မြင့်တက်မှုနှင့် ဈေးကစားမှု အခြေအနေများကို ဝိုင်းဝန်း အဖြေရှာသင့် ကြောင်းဆို

အမေရိကန် ဒေါ်လာများ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဒေါ်လာဈေး ဆက်တိုက် မြင့်တက်မှု နှင့် ပတ်သက်၍ ကုန်သွယ်မှု လိုငွေပြနေမှု ၊ ဘတ်ဂျက် အသုံးစားရိတ်နှင့် စီမံကိန်းများ အတွက် အသုံးပြုခဲ့သည့် ငွေကြေးများ စီးပွားရေး ဈေးကွက်အတွင်း သို့ ပြန်လည်ဝင်ရောက်မှု ၊ လတ်တလော ကာလ နိုင်ငံခြားငွေ မြင့်တက်မှုနှင့် ဈေးကစားမှု အခြေအနေများကို ဝိုင်းဝန်း အဖြေရှာ ဆောင်ရွက်သင့်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

ဗဟိုဘဏ် ဖွင့်ဈေး နေ့စဉ် အနည်းငယ် မြင့်တက်ပြီး ဈေးဖွင့် လာခဲ့ရာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် တစ်ဒေါ်လာကို ကျပ် ၁,၂၄၀ ဖြင့် ဈေးဖွင့်ခဲ့သည်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က “ငွေလဲနှုန်း မတည်ငြိမ်မှုမှာ အဓိကအချက်က ဈေးကစားတဲ့ အချက် ဖြစ်တယ်။ သွင်းကုန် လုပ်ငန်းရှင်တွေကို ဘဏ်တွေမှ တဆင့် ဗဟိုဘဏ်က ရောင်းချပေး နေသလို ၊ နေ့စဉ် လေလံဈေးကလည်း ရောင်းချ ပေးနေတယ်။ ဈေးကစားမှုတွေနဲ့ ပတ်သက်ပြီး လိုအပ်သည့် ကြီးကြပ် စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်’’ ဟု ပြောသည်။

ဘဏ္ဍာရေး မူဝါဒအား ဘက်ညီသည့် ဘတ်ဂျက်ဖြစ်ရန်၊ အသုံးစားရိတ်လျှော့ချရန်နှင့် ကုန်သွယ်မှု လိုငွေ ပြနေခြင်း ကို ဖြေရှင်းရန်အတွက် ပို့ကုန် တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်မှ ရငွေများကို နိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ရန် နှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်မှု ရှိရန်အတွက် ကာလတို၊ ကာလရှည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ဇူလိုင်လ ၂၂ ရက် နေ့လည်တွင် ပြင်ပ၌ တစ်ဒေါ်လာကို ၁,၂၆၃ ကျပ်ရှိပြီး၊ ပို့ကုန်ဝင်ငွေ တစ်ယူနစ်ကို ၁,၂၄၀ ကျပ်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.