Connect with us

Local

ရန်ကုန်စတော့အိတ်ချိန်းတွင် နှစ်ပတ်အတွင်း အရောင်းအဝယ် ကျပ်သိန်း ၄၅၀ ကျော်ကျဆင်း 

ရန်ကုန်စတော့အိတ်ချိန်း ၏ စတော့ရှယ်ယာ ဈေးနှုန်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါ ကူးစက်ခံရမှု နေ့စဉ် ရက်ဆက် အရေအတွက်များစွာတွေ့ရှိပြီးနောက်ပိုင်း သြဂုတ် နောက်ဆုံးပတ်တွင်   ရန်ကုန်စတော့အိတ်ချိန်း ၏ စာရင်းဝင်ကုမ္ပဏီအားလုံး ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုသည် ကျပ်သိန်းပေါင်း ၁၃၅,၉၉၄,၁၀၀ ရှိခဲ့ရာမှ စက်တင်ဘာလ ဒုတိယ ပတ်တွင် စတော့ရှယ်ယာ ရောင်းဝယ်မှုသည် ကျပ်သိန်း ၉၀၀ ကျော်သာ ရောင်းဝယ်မှုရှိခဲ့ပြီး နှစ်ပတ်အတွင်း ကျပ်သိန်း ၄၅၀ ကျော် အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ သိရသည်။

ရန်ကုန်စတော့အိတ် ချိန်းအမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦး က “အခုက Stay at Home တွေ ဖြစ်နေတယ်။  ဒါကြောင့် စတော့ရှယ်ယာ အရောင်းအဝယ်တွေ လည်း သိသိသာသာ အေးစက်သွားတယ်။ ထပ်ပြီး အေးနိုင်မယ့် အနေအထားရှိတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၄ ရက် တွင်ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက် မှ ၁၈ ရက် အထိ တစ်ပတ်တာ အတွင်း စာရင်းဝင်ကုမ္ပဏီများမှ စတော့ရှယ်ယာ ရောင်းဝယ်မှုသည် First Myanmar Investment Public Co.,Ltd (FMI)မှ စတော့ရှယ်ယာ အစောင်ရေ ၂,၉၈၂ စောင်၊ ရှယ်ယာတန်ဖိုးငွေကျပ် ၂၉,၄၅၂,၈၀၀ ၊  Myanmar Thilawa SEZ Holding Co.,Ltd (MTSH) က စတော့ရှယ်ယာ အစောင်ရေ ၈,၇၇၈ စောင် မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ်၃,၂၃၂၂,၄၀၀ ၊ Myanmar Citizen Bank (MCB) က စတော့ရှယ်ယာအစောင်ရေ ၂၀၂ စောင် မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁,၅၉,၆၀၀ ၊  First Private Bank Limited (FPB) က စတော့ရှယ်ယာအစောင်ရေ ၁,၁၈၇ စောင် မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၂၆,၁၃၇,၅၀၀ ၊TMH Telecom Public Co.,Ltd  မှ စတော့ရှယ်ယာအစောင်ရေ ၄၂၉ စောင် မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁,၁၆၄,၆၀၀ နှင့် Ever Flow River Group Public Co.,Ltd မှ စတော့ရှယ်ယာ အစောင်ရေ  ၂၁၆ စောင် မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၆၅၉,၆၀၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ “အရောင်းတွေ က အေးစက်နေတယ်။ကျွန်တော်တို့ အနေနဲ့ ဈေးကွက်ပြိုလဲမသွားဖို့အတွက် ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။  (Xinhua)