Connect with us

Local

နှစ်ပတ်အတွင်းရန်ကုန်စတော့အိတ်ချိန်း ၌ စတော့ရှယ်ယာရောင်းဝယ်မှု ၅၀ ရာခိုင်နှုန်းကျော်ကျဆင်း

ရန်ကုန်စတော့အိတ်ချိန်း ၏စတော့ဈေးနှုန်းများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ အတွေ့များလာသည့် နှစ်ပတ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီများ ၏ စတော့ရှယ်ယာရောင်းဝယ်မှုမှာ ၅၀ ရာခိုင်နှုန်ကျော် လျော့ကျသွားခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

ရန်ကုန်စတော့အိတ် ချိန်းအမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက “ဒီရက်ပိုင်းတွေက စတော့ရှယ်ယာ အရောင်းအဝယ်တွေ အေးသွားပါတယ်။ သိသိသာသာလျော့သွားတာပါ’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁ ရက်တွင်ပြောသည်။စတော့အိတ်ချိန်းတွင် စတော့အရောင်းအဝယ်သည် သြဂုတ် ၁၀ ရက်မှ ၁၄ ရက်အတွင်း  ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများအားလုံး ၏ စတော့ရှယ်ယာရောင်းဝယ်မှုသည် စတော့ရှယ်ယာအစောင်ရေ ၅၁,၃၂၁ စောင် မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၃၃၅,၂၉၀,၆၅၀ ရရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက် မှ ၂၈ ရက် အထိ ရန်ကုန်စတော့အိတ်ချိန်း ၏ စာရင်းဝင်ကုမ္ပဏီအားလုံး ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ စတော့ရှယ်ယာအစောင်ရေ ၂၄,၁၆၀ မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၁၃၅,၉၉၄,၁၀၀ ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ၆ခု ၏ ရှယ်ယာများအရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။  (Xinhua)