Connect with us

Local

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ စတော့ရှယ်ယာ အရောင်းအဝယ် ကျဆင်း

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ စတော့ဈေးနှုန်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အတွင်း ယခုလ၌ စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းပြီး အရောင်းအဝယ်လည်း ကျဆင်းနေကြောင်း စတော့အိတ်ချိန်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်း ကျဆင်း လာကာ ရှယ်ယာအရောင်းအဝယ်လည်း လျော့နည်းခဲ့ပြီး ကုမ္ပဏီအစုရှယ်ယာ ၁၀၀၀ မှ ၂၀၀၀ ကြားသာ နေ့စဉ် အရောင်းအဝယ်ရှိနေကြောင်း FMI ကုမ္ပဏီထံမှ သိရသည်။မြန်မာနိုင်ငံသားများ ဘဏ်၏ ရှယ်ယာတန်ဖိုးများ သီ တင်းနှစ်ပတ်အတွင်း ၃၀ ရာခိုင်နှုန်းကျော်ကျဆင်းပြီး မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာတစ်စုလျှင် စက်တင်ဘာ ၁ ရက်နေ့က ကျပ် ၁၂၀၀၀ ဈေးပေါက်ခဲ့ကာ စက်တင်ဘာ ၁၆ ရက်တွင် ရှယ်ယာ တစ်စုလျှင် ၈၄၀၀ ကျပ်သာ ပေါက်ဈေးရှိသည်။

FMI ကုမ္ပဏီ၏ စက်တင်ဘာ ၁၆ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၁၈၅၀၀ ပေါက်ဈေး ရှိပြီး သီလဝါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီသည် ရှယ်ယာတစ်စုလျှင် ကျပ် ၄၂၀၀၀ ဖြင့် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းတည်ငြိမ်နေလျက်ရှိသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117