Connect with us

Local

စက်တင်ဘာလလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈၃.၈၇၇ သန်းရှိ

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ယနေ့ မီဒီယာများ နှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈၃.၈၇၇ သန်းရှိကြောင်း၊ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ယနေ့ မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သြဂုတ်လ ၂၆ ရက် နှင့် စက်တင်ဘာလ ၉ ရက်နေ့တို့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အစည်းအဝေး နှစ်ကြိမ်ကျင်းပခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရေအတွက် လုပ်ငန်း ၂၁ ခု အား ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၁၇.၆၄၄ သန်းရှိကြောင်း သိရသည်။ ခွင့်ပြုလုပ်ငန်း ၂၁ခုတွင် စက်မှုလုပ်ငန်း ၁၇ခု၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ၁ခု၊ မွေးမြူရေး/ရေလုပ်ငန်း ၁ခု၊ အခြားဝန်ဆောင်မှုလုပ်ငန်း ၁ခု နှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်း ၁ခုတို့အား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇ခုခွင့်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၀.၃၈၇သန်း ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.