Connect with us

Local

မြန်မာ့မတ်ပဲဈေးကွက်တွင်း အိန္ဒိယဝယ်လက် အားနည်းသဖြင့် အရောင်းအဝယ်အေး

မတ်ပဲများ အရောင်းအဝယ်ပြုလုပ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာ့မတ်ပဲဈေးကွက်တွင်း အိန္ဒိယဝယ်လက် အားနည်းသဖြင့် အရောင်းအဝယ်အေးနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

အိန္ဒိယဝယ်လက်ကို အဓိကအားထားနေရသော မြန်မာ့မတ်ပဲဈေးကွက်၌ ယခုလအတွင်း အိန္ဒိယဘက်က မတ်ပဲပေါ်ချိန်ဖြစ်လာသဖြင့် အဝယ်အေးနေကြောင်း၊ မတ်ပဲများကို သိုလှောင်ထားမှုများပြားနေပြီး ပြန်လည် ရောင်းချမှုတွင် အခက်အခဲဖြစ်နေကြောင်း ပဲနှမ်းကုန်သည်တစ်ဦးက ဆိုသည်။

”export တစ်ခေါက်ပဲ ပို့ရသေး တယ်။ ဈေးကျသွားတယ်။ နောက်ထပ် ဝယ်ရင်တောင် ဈေးကတော်တော် ချိန်ဆပြီးဝယ်ရတယ်”ဟု ၎င်းကပြောသည်။

ပဲထွက်ချိန်ပြီး၍ တောင်သူအများစုက ရောင်းချပြီးဖြစ်သော်လည်း အချို့ တောင်သူ များက သိုလှောင် ထားဆဲဖြစ်သည်။

မြန်မာ့ ပဲအမျိုးအစား များဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စသည့် ပဲမျိုးစုံကို ၈ဝ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့ပြီး ကျန် ၂ဝ ရာခိုင်နှုန်းကို အာဆီယံ နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.