Connect with us

Local

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်းရှိ လုပ်ငန်း (၆)ခုကို ရင်းနှီးမြှုပ်နှံရန်ခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- Phyo Min Thein)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး၌ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်းရှိ လုပ်ငန်း (၆)ခုကို ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ (စက်တင်ဘာလ ၂၃ ရက်)နံနက် ၁၀နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်မှုကဏ္ဍအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၆)ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ယင်းအတည်ပြုပေးခဲ့သည့် လုပ်ငန်းများသည် LED နှင့် Lighting accessories ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်း ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၆) ခုတို့မှ  ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၃,၈၇၆ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြ ချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ ယနေ့ အစည်းအဝေးသို့  ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ် အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.