Connect with us

Local

ဟားခါးနှင့် ပလက်ဝမြို့တို့တွင် စက်မှုဇုန် တည်ဆောက်မည်

ချင်းပြည်နယ်ရှိ နေအိမ်များအားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဇုန်တည်ဆောက်မည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့စက်မှုဇုန်ရွေးချယ်တည်ဆောက် ရာတွင် ပလက်ဝမြို့သည် ကုလားတန်မြစ် စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာ နိုင်မည်ဖြစ်ကြောင်း၊ မဟာ ဓာတ်အားလိုင်းကိုလည်း ရရှိမည်ဖြစ်သည့်အပြင် လာမည့်ဘဏ္ဍာရေးနှစ်တွင် စက်မှုသင်တန်းကျောင်းကိုလည်း ဖွင့်လှစ် နိုင်ရန်စီစဉ်နေပြီး ချင်းပြည်နယ်အတွင်းရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း (SME)လုပ်ငန်းရှင်များကို တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ချင်းပြည်နယ်အတွင်း စက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် များအသင်း(CFCCI)ကိုလည်းဖွဲ့စည်းထားရာ လက်ရှိတွင် ချင်းပြည်နယ်အတွင်း၌ အကြီးစားစက်မှုလုပ်ငန်းခြောက်ခု၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ၂ဝဝ ကျော်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.