Connect with us

Local

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်း ၊ ကျောက်မျက် အတွဲများကို အခြေခံ ဈေးနှုန်း သတ်မှတ်၍ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည်

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကြည့်ရှုနေကြသည့် ကုန်သည်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် အခြေခံ ဈေးနှုန်း သတ်မှတ်၍ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ သိရသည်။

ပြပွဲတွင် ကျောက်မျက် ရတနာ အမျိုးအစားများ အတွက် အိတ်ဖွင့် တင်ဒါ စနစ် အခြေခံဈေးအား ကျောက်မျက် အတွက် ယူရို ၅၀၀ နှင့် အထက် ၊ ကျောက်စိမ်း အတွက် ယူရို ၄၀၀၀ နှင့် အထက် ၊ ကျောက်စိမ်း အချောထည် အတွက် ယူရို ၁၀၀၀ နှင့် အထက် သတ်မှတ်ထားကြောင်း သိရသည်။

ရတနာ ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း ၊ ကျောက်မျက် အရိုင်းတုံးများ ၊ သွေးပြီး အချောထည်များ ၊ လက်ဝတ် ရတနာများ ၊ ရုပ်ထုရုပ်ထွင်းများ ၊ ကျောက်ကပ် ပန်းချီကားများကို နိုင်ငံခြားငွေ (ယူရို) ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ကျောက်စိမ်း ၊ ကျောက်မျက် အတွဲများကို အိတ်ဖွင့် တင်ဒါ စနစ် တစ်မျိုးတည်းဖြင့်သာ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီသည် ၂၀၁၇ ခုနှစ် ၊ (၅၄)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ သြဂုတ်လ ၂ ရက်မှ ၁၁ ရက်ထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.