Connect with us

Local

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် ဗဟိုဘဏ်က ကျပ် ၁,၂၃၆ ဘီလီယံ ချေးမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား တွေ့ရစဉ် (ဓာတ်ပုံ -Central Bank Of Myanmar)

နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအနက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ခန့်မှန်း လျာထားချက်အတိုင်း ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟိုဘဏ်၏ ချေးငွေဖြင့် ဖြည့်ဆည်း သွားမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။

“၂၀၁၆ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေအရ ခန့်မှန်းထားတဲ့ ပမာဏတွေကတော့ စုစုပေါင်း လိုငွေက ကျပ် ၃,၀၉၀ ဘီလီယံ ဖြစ်ပါတယ်။ အဲဒီလိုငွေရဲ့၆၀ ရာခိုင်နှုန်းကို အစိုးရ ငွေတိုက်လက်မှတ် အစိုးရ ငွေတိုက် စာချုပ်များနဲ့အများပြည်သူကို ရောင်းချပြီး လိုငွေကို ဖြည့်တင်းပါမယ်။ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁,၂၃၆ ဘီလီယံ ကိုတော့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ထုတ်ချေးရန် ခန့်မှန်းထားပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ချေးနိုင်ရန် ဗဟိုဘဏ်သည် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြခဲ့ရာ ၂၀၁၆ ဇွန်လ ၂၂ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးက သဘောတူခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းက လွှတ်တော်သို့ရှင်းပြခဲ့သည်။
ပြည်ထောင်စု လိုငွေကို ဖြည့်ဆည်းရာတွင် အစိုးရငွေတိုက် လက်မှတ်နှင့် ငွေတိုက် စာချုပ်များကို ပြည်တွင်း၌ ထုတ်ရောင်းချခြင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထပ်မံ လိုအပ်မှသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထပ်မံ ထုတ်ချေးမည်ဖြစ်သည်ဟုလည်း ဦးဆက်အောင်က ရှင်းပြခဲ့သည်။
အစိုးရ ငွေတိုက် လက်မှတ်များကို ပြည်တွင်း ဈေးကွက်၌ လေလံ စနစ်ဖြင့် ၉၂၇ ဘီလီယံဖိုး( ပြည်ထောင်စု လိုငွေ၏ ၃၀ ရာခိုင်နှုန်း)၊ အစိုးရ ငွေတိုက်စာချုပ်များကိုလည်း ပြည်တွင်း ဈေးကွက်၌ လေလံ စနစ်ဖြင့် ၉၂၇ ဘီလီယံဖိုး (လိုငွေ၏ ၃၀ ရာခိုင်နှုန်း)- စုစုပေါင်း ၃,၀၉၀ ဘီလီယံဖိုး ရောင်းချပြီး ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားပြီး ကျန် လိုငွေ၏ ၄၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟိုဘဏ်က ငွေတိုက် လက်မှတ်ဖြင့် ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းသွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ထိုသို့ ဗဟိုဘဏ်က ဖြည့်ဆည်းမှုကြောင့် ငွေကြေးဖောင်းပွမှုများ မပေါ်ပေါက်စေရန် ဗဟိုဘဏ်၏ equity capital နှင့် resources တို့မှ အတတ်နိုင်ဆုံး ဖြည့်ဆည်း သွားမည်ဟုလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.