Connect with us

Local

ရန်ကုန် စတော့ အိတ်ချိန်း စာရင်းဝင် မြန်မာနိုင်ငံသားများဘဏ်မှ အရောင်းအဝယ် ပြုလုပ်မည့် အစုရှယ်ယာ ဈေးနှုန်းများ သတ်မှတ် ကြေညာ

ရန်ကုန် စတော့ အိတ်ချိန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများအား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ၆၈၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း YSX မှ သိရသည်။

ထို့အတူ မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများအား အမြင့်ဆုံး ဈေးနှုန်း အဖြစ် ၇၈၀၀ ကျပ် နှင့် အနိမ့်ဆုံး ဈေးနှုန်း အဖြစ် ၅၈၀၀ ကျပ် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများအား သြဂုတ် ၂၆ ရက်တွင် စတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် FMI ကုမ္ပဏီ ၊ မြန်မာ သီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ များနောက် မြန်မာနိုင်ငံသားများဘဏ်သည် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.