Connect with us

Local

၂၀၁၉-၂၀ တွင် မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိလာမည် ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်း အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်န၀ါရီ ၁၄ ရက်(ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးလာမှုနှင့် ပြည်တွင်း မရေရာ မသေချာမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိပြီး ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု နှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိလာမည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ဒီဇင်ဘာလရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်လျက်ရှိသော စီးပွားရေး လုပ်ငန်းများ လုပ်သာ ကိုင်သာရှိမှု အညွှန်းကိန်းတွင် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း၊ သို ့ရာတွင် စီးပွားရေး လုပ်ငန်းများသည် ချေးငွေ ရရှိမှု၊ မြေယာ ရရှိမှုနှင့် ကျွမ်းကျင် လုပ်သား ရရှိမှု၊ ပိုမိုကောင်းမွန်သော စီးပွား လုပ်ငန်းအချိတ်အဆက်နှင့် သယ်ယူ ပို့ဆောင် ရေး၊ စီးပွား လုပ်ငန်း လုပ်သာ ကိုင်သာ ရှိစေရန် အားပေးသည့် မူ၀ါဒ၊ ဥပဒေ စိုးမိုးမှု ပတ်၀န်းကျင် စသည်တို ့တွင် အားနည်းနေဆဲဖြစ်သောကြောင့် တာ၀န်ယူမှု၊ တာ၀န်ခံမှု ရှိသည့် စီးပွားရေး လုပ်ငန်း များ ကောင်းစွာ လည်ပတ် အောင်မြင်ရေးကမူ ခက်ခဲလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဧရိယာ သုံးပုံ တစ်ပုံခန် ့တွင် လက်နက်ကိုင် အဖွဲ ့အစည်းများ၊ လက်နက်ကိုင် ပဋိပက္ခများ တည်ရှိနေခြင်းက စီးပွားရေးကဏ္ဍအတွက် စိန်ခေါ်မှုများ ဖြစ်နေပြီး မြန်မာနိုင်ငံသို ့ လာရောက် ရင်းနှီးမြှုပ်နှံမည့် သူများ၏ အမြင် သဘောထားများအပေါ် သက်ရောက်မှုများ ရှိစေနိုင်ကြောင်းလည်း အဆိုပါ အစီရင်ခံစာ အသစ်၌ ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်( မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား)မှ စီမံကိန်း မန်နေဂျာ Ms. Bronwyn Grieve အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ထို ့အပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးမှု၊ ကုန်သွယ်ရေး တင်းမာမှုစသည့် ပြင်ပမှ ဖိအားနှင့် စိန်ခေါ်မှုများကလည်း မြန်မာ့ စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း သည် ၂၀၁၇ – ၁၈ တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈ – ၁၉ တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းသို ့ တိုးလာကာ ၂၀၁၉- ၂၀ တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို ့ တိုးလာနိုင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွား တိုးတက်မှုနှုန်းမှာ ၂၀၁၈ တွင် ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ တွင် ၂ ဒသမ ၄ ရာခိုင်နှုန်းသို ့ ကျဆင်း လာမည်ဟု ခန် ့မှန်းထားကြောင်း၊ အရှေ ့ အာရှနှင့် ပစိဖိတ်ဒေသတို ့တွင် တိုးတက်မှုနှုန်းသည် ၂၀၁၈ ၌ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ – ၂၀၂၀ နှစ်နှစ်တာကလတွင် ပျမ်းမျှ ၅ ဒသမ ၈ ရှိမည်ဟု ခန် ့မှန်းထား ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းသို ့ ထပ်မံ ကျဆင်းလာနိုင်သည်ဟု ခန် ့မှန်းထား ကြောင်းလည်း ဖော်ပြ ပါရှိသည်။

မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ ထုတ်ပြန်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပုဂ္ဂလိက ကဏ္ဍ ဦးဆောင်သည့် ဖွံ ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက် ချဲ ့ထွင်မှုကို အားပေးရန်၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွေဲ၀ အသုံးချနိုင်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် စီးပွားရေးကဏ္ဍတွင် ပါ၀င်နေသူတို ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လည်း ထိုအစီရင်ခံစာက အကြံပြုထားသည်။နေပြည်တော် Hilton Hotel တွင် ယနေ ့ ညနေပိုင်း ကျင်းပခဲ့သော အဆိုပါ မြန်မာ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ ထုတ်ပြန်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Myanmar Economic Monitor Dissemination Workshop) သို ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင် ၀င်း ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်( မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား)မှ စီမံကိန်း မန်နေဂျာ Ms. Bronwyn Grieve ၊ ကမ္ဘာ့ဘဏ် (မြန်မာ)မှ စီးပွားရေး ပညာရှင် နှင့် သက်ဆိုင်ရာ အဖွဲ အစည်းများမှ ကိုယ်စားလှယ်များ၊ အရာရှိကြီးများ၊ တာ၀န်ရှိသူများ တက်ရောက်ခဲ့ ကြ သည်။(Xinhua)