Connect with us

Local

၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင်  ငွေပေးချေခြင်းမရှိသော ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်ရှိ 

ကျောက်မျက်အရောင်းပြပွဲတစ်ခုတွင် ကျောက်စိမ်းတွဲကြည့်နေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) 

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ တွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင်  ရောင်းချခဲ့ရပြီး သတ်မှတ်ရက်အတွင်းငွေပေးချေခြင်းမရှိသော  ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ငွေပေးချေခြင်းမရှိသော အရောင်းအဝယ်ပျက်သွားသည့် ကျောက်စိမ်းတွဲများကို သြဂုတ် ၂၈ ရက်တွင် နောက်ဆုံးထား၍ ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်  မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသို့  ယနေ့သြဂုတ် ၂၆  ရက်တွင်ပြောကြားခဲ့သည်။

“ကျောက်မျက်ပွဲမှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကျောက်စိမ်းတွဲပေါင်း ၃,၅၀၀ ဝန်းကျင်ရှိခဲ့တယ်။ အဲဒီထဲက မှ ငွေပေးချေခြင်း မရှိဘဲ အရောင်းအဝယ်ပျက်သွားတဲ့ ကျောက်စိမ်းတွဲပေါင်းက ၅၀၀ ကျော်ရှိတယ်။ ငွေပေးချေခြင်း မရှိတဲ့ ကျောက်စိမ်းတွဲ တွေကို သူ့ပိုင်ရှင်တွေ ဆီကို ပြန်လည်ထုတ်ယူဖို့ ကျွန်တော်တို့ အနေနဲ့ အကြောင်းကြားထားပါတယ်။ ပိုင်ရှင်တွေ ပြန်လာယူကြမှာပါ” ဟု ၎င်းက ဆိုသည်။ 

မြန်မာကျပ်ငွေဖြင့်ကျောက် မျက်ရတနာရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက် စိမ်းခန်းမ၌ ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိပြုလုပ်ခဲ့ပြီး ကုမ္ပဏီ ပေါင်း ၈၁၁ ခုက နိုင်ငံသားရတနာ ကုန်သည် ၂,၀၀၀ ကျော်တက် ရောက်ခဲ့ကြောင်း၊ အဆိုပါပြပွဲမှ ကျောက်စိမ်း အတွဲပေါင်း ၃,၆၉၅ တွဲကို  အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ၃,၄၉၁ တွဲရောင်းချခဲ့ရပြီး ကျပ် ၅၉ ဘီလီယံကျော် ရရှိခဲ့ကြောင်း ၊ ကျောက်မျက် အတွဲပေါင်း ၂၈၆ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကိုးတွဲကို ကျပ် ၃၆ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သိရသည်။

၂၀၂၀ပြည့်နှစ်တွင် နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲ ၂ ပွဲ နှင့် မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲ ၂  ပွဲ၊ စုစုပေါင်း ၄ ပွဲ ကျင်းပရန် လျာထားသော်လည်း COVID-19 ရောဂါကြောင့် ၂၀၂၀ ပြည့် နှစ်တွင် မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲတစ်ပွဲသာကျင်းပနိုင်သေးကြောင်း ၎င်းကဆိုသည်။ (Xinhua)