Connect with us

Local

မြန်မာ့ရွှေဈေး ၂ ရက်အတွင်း တစ်ကျပ်သားကို ကျပ် ၁၇,၀၀၀ အထိ ပြုတ်ကျ 

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းပြသထားသည့်လက်ဝတ်ရတနာများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) 

မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားကို ကျပ် ၁,၃၁၀,၀၀၀ မှ ၁,၂၉၃,၀၀၀ အထိ ၂ ရက်အတွင်း ကျပ် ၁၇,၀၀၀ ဈေးပြုတ်ကျခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဆင်ဟွာသို့ ယနေ့ သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ၂၉ လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “မြန်မာ့ရွှေဈေးရက်ပိုင်း အတွင်း ကျတာက COVID-19 ရောဂါ သတင်းတွေကြောင့်ရော၊ ကမ္ဘာ့ရွှေဈေး ကျတာကြောင့် ဈေးကျသွားတာပါ။ ဆက်ပြီး ကျရိပ်ရှိနေပါတယ်’’ ဟု ဆိုသည်။ 

သြဂုတ် ၂၄ ရက်က ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁,၉၃၃ ဒေါ်လာ ရှိပြီး၊ မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင်  ၁,၃၁၀,၀၀၀ ပေါက်ဈေးရှိခဲ့သည်။ ယနေ့ သြဂုတ် ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁,၉၁၇ဒေါ်လာ ရှိပြီး၊ မြန်မာ့ရွှေတစ်ကျပ်သားလျှင် ၁,၂၉၃,၀၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် COVID-19 ကြောင့် ရွှေဈေးကျသော် ရွှေဆိုင်များတွင် ရွှေပြန်ရောင်းသူများ ယခင်ထက်ပိုများလျက်ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.