Local
ဒက္ခိဏသီရိတွင် အသေးစားနှင့် အလတ်စား စက်မှုဇုန်ရှိ မြေကွက်များအား ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ကြော်ငြာ

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
နေပြည်တော် ဒက္ခိဏသီရိတွင် အသေးစားနှင့် အလတ်စား စက်မှုဇုန်ရှိ မြေကွက်များအား ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ယနေ့ ကြော်ငြာချက်ထုတ်ပြန်သည်။
အဆိုပါကြော်ငြာချက်ထဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်တွင် ရောင်းချရန် မြေကွက်များ ကျန်ရှိနေကြောင်း၊ အဆိုပါ စက်မှုဇုန်၏ ကျန်ရှိသော မြေကွက်များတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နေပြည်တော်ကောင်စီနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း သိရသည်။ (Xinhua)