Local
ဒုတိယ ဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအား ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်

ရန်ကုန်၊ နိုင်ဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင် ပထမဦးဆုံးသော Integrated Mixed Development အဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအား ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်း ထုတ်ပြန်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ ဖြစ်သည့် တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်း အကြားရှိ အကျယ် ဧက ၃၆ . ၅၅၁ ဧကအား ဒုတိယ ဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ပထမမြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (မြန်မာ ဗွီပိုင်အုပ်စု) မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တာဝန်ယူ တည်ဆောက် မည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အား မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းစဉ်များ အရ ဖွံ့ဖြိုးရေး ဇုန်ကြီးများကို လျာထားခဲ့ရာ ဒုတိယ ဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း တည်ဆောက်ရေးလည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယ ဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း ဆောင်ရွက်ရန် အတွက် ကိုးမိုင်ရှိ ပြည်လမ်းနှင့် မင်းဓမ္မလမ်း အကြားရှိ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနပိုင်မြေ ၊ တပ်မတော်ပိုင်မြေနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ စုစုပေါင်း ၃၆၉ . ၄၅၅ ဧကအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထား သတ်မှတ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း၌ အဆင့်မြင့် ဟိုတယ် အဆောက်အအုံ တစ်လုံး၊ ရုံးခန်းအဆောက်အအုံ လေးလုံး၊Service Appartments အဆောက် အအုံ ငါးလုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင် များ၊ အီလက်ထရွန်နစ်နှင့်ကုန်သွယ်ရေး စင်တာများနှင့်ငါးထပ်ပါရှိသော ဈေးဝယ် စင်တာများအစရှိသည့် ဒုတိယဗဟိုစီးပွားရေး ဇုန် (မင်းဓမ္မ)နှင့် သက်ဆိုင်သည့် စီးပွားရေး အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ကွန်ဗင်းရှင်း စင်တာအသစ် ကိုလည်း ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကာ ရန်ကုန်မြို့တွင် ပထမဦး ဆုံးသောIntegrated Mixed Development အဖြစ် စတင်အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကြီး တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယ ဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းအား ငါးနှစ်တာကာလ အတွင်း အပြီးသတ် အကောင် အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)