Connect with us

Local

ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ အောက်တိုဘာလ အတွင်း ပြည်ပနိုင်ငံ ၃၃ နိုင်ငံမှ နိုင်ငံ ခြားသား စုစုပေါင်း ၄၆,၄၈၂ ဦး ရောက်ရှိ ဖူးမြော်

ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လာရောက်ကြသော နိုင်ငံခြားသားများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော် မြတ်ကြီးသို့ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ပြည်ပနိုင်ငံ ၃၃ နိုင်ငံမှ နိုင်ငံ ခြားသား စုစုပေါင်း ၄၆,၄၈၂ ဦး ရောက်ရှိ ဖူးမြော် ကြည်ညိုခဲ့ ကြကြောင်း ရွှေတိဂုံစေတီ ဂေါပက အဖွဲ့ထံမှ သိရသည်။

အဆိုပါ နိုင်ငံခြားသားများ ထဲတွင် ထိုင်းနိုင်ငံသား အများဆုံးဖြစ်ပြီး ၁၂,၅၈၇ ဦး၊ ကိုရီးယား ၃,၉၂၅ ဦး၊ အမေရိကန် ၂,၇၂၃ ဦး၊ တရုတ် ၂,၄၄၆ ဦး၊ ဂျပန် ၂,၄၄၂ ဦး အပါ အဝင် ပြည်ပနိုင်ငံ ၃၃ နိုင်ငံမှ နိုင်ငံ ခြားသား စုစုပေါင်း ၄၆,၄၈၂ ဦး ရောက်ရှိ ဖူးမြော် ကြည်ညိုခဲ့ကြသည်။ အဆိုပါ ပြည်ပ ဧည့်သည်များ ထံမှ အမေရိကန် ဒေါ်လာ ၄၈၈ ဒေါ်လာ နှင့် မြန်မာငွေကျပ် ၃၇၁,၃၆၈,ဝဝဝ ဧည့်ဝင်ကြေး အဖြစ် အလှူခံ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် ပြည်ပ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံခြားသား ၄၆,၇၉၆ ဦး ရွှေတိဂုံ စေတီတော်မြတ်ကို ရောက်ရှိ ဖူးမြော် ကြည်ညိုခဲ့ကြပြီး ယခုနှစ် အောက်တိုဘာလတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ နိုင်ငံခြားသား ၄၆,၄၈၂ ဦးသာ ရောက်ရှိခဲ့ခြင်းကြောင့် ယမန်နှစ်ကထက် နိုင်ငံခြားသား အနည်းငယ် လျော့နည်းသွားကြောင်း သိရသည်။

မြန်မာနိုင်ငံသ့ို ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုသည် ယခင်နှစ်ကထက် ၅၃ ရာခိုင်နှုန်း တိုးတက်လျက် ရှိရာ ကမ္ဘာလှည့် ခရီးသည် ရောက်ရှိမှုမှာလည်း ၂ဝ၁၅ ခုနှစ်အတွင်း လေးသန်းခွဲ ဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117