Local
ပထမဆုံး ရွှေဗဟို ဈေးကွက် မြန်မာနိုင်ငံတွင် ထူထောင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့ရွှေဈေးကွက်သို့ မြန်မာအမှတ်တံဆိပ်နှင့် ရွှေချောင်းများ ထုတ်လုပ်တင်ပို့နိုင် သည်အထိ ကြိုးပမ်းမည့် မြန်မာနိုင်ငံ၌ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရွှေဗဟို ဈေးကွက်ကြီး စတင်ထူထောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆန်းမစ်ပတ်ခ်ဗျူးဟိုတယ်တွင် ပြုလုပ်သော မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ ရွှေ၊ ရွှေဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာနှင့် ပစ္စည်းများ၊ ကျောက်မျက်ရတနာအချောထည်များနှင့် မြန်မာ့ တွင်းထွက်သတ္တုသယံဇာတများ ရောင်းဝယ်ဖောက်ကားရေး ဗဟိုဈေးကွက်ဖော် ဆောင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါ ရွှေဗဟိုဈေးကွက်ကြီးကို ရန်ကုန်မြို့မှ စတင်ထူထောင်သွားမည် ဖြစ်ကြောင်း၊ ဒုတိယဈေးကွက်သည် မန္တလေးမြို့ ဖြစ်လာမည်ဖြစ်ကြောင်း၊ ရွှေဈေးကွက်ကြီး ပေါ်ပေါက်လာရေး အတွက် အစိုးရဌာနဆိုင်ရာများက ပါဝင် ဆောင်ရွက်ရမည့်အပိုင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အဖွဲ့အစည်းများက ပါဝင်ရမည့်အပိုင်းတို့ကို နိုင်ငံတကာ အဆင့် စံချိန်စံòန်းများ၊ လုပ်ထုံး လုပ်နည်းဥပဒေများနှင့်အညီ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းလည်းကောင်းက ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ Shanghai Gold Exchange မှ ဥက္ကဋ္ဌ Mr.Jiao Jinpuနှင့် တာဝန်ရှိသူများ၊ Hong Kong Myanmar Chamber of Commerce မှ တာဝန်ရှိသူများ၊ မြန်မာရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိ သူများ၊ မြန်မာ ရွှေ ကျောက်မျက်သတ္တု ဗဟိုဈေးကွက်ဖြစ်မြောက်ရေး ကော်မတီ မှတာဝန်ရှိသူများ တက်ရောက်ကြ သည်။
Shanghai Gold Exchange ဥက္ကဋ္ဌ Mr.Jiao Jinpuကလည်း တရုတ်နိုင်ငံ၏ ရွှေဈေးကွက် ထူထောင်ခဲ့မှုနှင့် လက်ရှိရွှေဈေးကွက်အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံတွင် ရွှေ ဗဟိုဈေးကွက်ထူထောင်မှုကိုလည်း ကူညီသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)