Connect with us

Local

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု တစ်လတွင်း အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် ဆုံးရှုံး

မောင်တောဒေသ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ- commerce)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းနေရပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတန်ဖိုး တစ်လတာကာလတွင်း အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် ဆုံးရှုံးနေကြောင်း မောင်တောနယ်စပ်ကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်စံသိန်း က ပြောကြားသည်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများ ယခင်အတိုင်း ဖွင့်လှစ်ထားသော်လည်း လုံခြုံရေးအရ စိုးရိမ်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်သူမရှိသဖြင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် နစ်နာကြောင်း ၎င်းက ဆိုသည်။မောင်တောနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများသည် နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် မကြာခဏ ရပ်နားနေရပြီး ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကြောင့် ကုန်သွယ်မှု လုပ်ငန်းများကို နှစ်လခန့် ရပ်ဆိုင်းခဲ့ရ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.