Connect with us

Local

တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုကို မြန်မာလုပ်ငန်းရှင်များ စိတ်ဝင်စား

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ၌ အလုပ်သမားများအလုပ်လုပ်ကိုင်နေစဥ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်အများအပြား စိတ်ဝင်စားလျက်ရှိကြောင်း မြန်မာ-တရုတ် လုပ်ငန်းရှင်များ ချစ်ကြည်ရေး ရင်းနှီးမှုတွေ့ဆုံပွဲသို့ တက်ရောက်သည့် မြန်မာလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းသည် နှစ်ပေါင်းများစွာတိုင် တိုးတက်ဖွံ့ဖြိုးလျက်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည်လည်း ကြီးမားလျက်ရှိကြောင်း မြန်မာလုပ်ငန်းရှင်အများစုသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု လုပ်ငန်းများကိုစိတ်ဝင်စားလျက်ရှိကြောင်း မြန်မာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“တရုတ်နဲ့ရင်းနှီးမြှုပ်နှံဖို့ လက်ရှိမှာကြိုးစားနေဆဲဖြစ်ပါတယ်၊ မြန်မာဘက်ကကုန်သည်တွေကို ငွေရေးကြေးရေးလုပ်ပေး တာတော့ရှိပါတယ်၊ တရုတ်ပြည်က ဘဏ်တစ်ခုနဲ့ချိတ်ဖို့လိုအပ်နေပါတယ်၊စီးပွားရေး ပိတ်ဆို့ခံထားရတဲ့အတွက် အခက်အခဲတော့အနည်းငယ်ရှိပါတယ်၊ တရုတ်ဘဏ်တွေဘက်ကလဲ ကျွန်တော်တို့ဆီလာဖို့ နဲနဲခက်ခဲတာတွေလဲရှိပါလိမ့်မယ်” AGD ဘဏ်မှ နိုင်ငံတကာဘဏ်လုပ်ငန်းဌာန၏ အမှုဆောင်ဒါရိုက်တာ ဦးပြည်စိုးထင်က ပြောကြားသည်။

AGDဘဏ်လုပ်ငန်းအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားလျက်ရှိပြီး ရေရှည်အနေဖြင့် တရုတ်နိုင်ငံရှိ ဘဏ်များဖြင့် ချိတ်ဆက်ပြီး လုပ်ငန်းများ လုပ်ဆောင်လိုကြောင်း၊ တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များဖြင့်လည်း ချိတ်ဆက်ကာ ပို့ကုန်သွင်း ကုန်လုပ်ငန်းများကိုလည်း လုပ်ကိုင်လိုကြောင်း ဦးပြည်စိုးထင်က ဆိုသည်။

ခြောက်ကြိမ်မြောက် Myanmar Global Investment Forum ဖွင့်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဘဏ်လုပ်ငန်းတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့သော သဘောၤအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ပြည်တွင်း၌ ကျောက်မျက်ရတနာပြပွဲကျင်းပစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ SHUNDE မှ စီးပွားရေးလုပ်ငန်းရှင်များကို စက်မှုလက်မှုလုပ်ငန်းများ လာရောက်ရင်း နှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖိတ်ခေါ်ခဲ့သည်။

“စက်မှုလက်မှုလုပ်ငန်းရှင်တွေ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန် ၂၉ ခုကို လာရင်းနှီးမြှုပ်နှံ့ဖို့ လက်ကမ်းကြိုဆိုပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာ့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာပြီး စီးပွားရေးအခွင့်အလမ်းများ များပြားလာပြီဖြစ်ကြောင်း Gold Myanmar Business Center & Myanmar One Belt, One Road Chamber of Commerce မှ ဥက္ကဋ္ဌ ဦးမျိုးနိုင်က ပြောကြားသည်။

မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် SHUNDE က စီးပွားရေးလုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး နည်းပညာ၊ အတွေ့အကြုံများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။

“ ကျွန်တော်တို့ လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ကိုလည်း စိတ်ဝင်စားကြတယ်၊ တရုတ်က မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလဲ ကောင်းမွန်တယ်၊ စီးပွားရေးမှာ အောင်မြင်မှုတွေရှိတယ်” ဟု ပို့ကုန်သွင်းကုန်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အရှေ့တောင်အာရှ ဒေသအတွင်း ၁၉၈၀ ခုနှစ်နောက်ပိုင်းအတွင်း တရုတ်နိုင်ငံက အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အရှေ့တောင်အာရှဒေသ၌ ၂၀၁၅ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီများက တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ရင်းနှီး မြုပ်နှံခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်ထက် အဆပေါင်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံမှုတိုးလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုများရရှိလာကြောင်း ၊ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ကိုင်မှုကို စိတ်ဝင်စားမှုများပြားကြောင်း ၎င်းကပြောသည်။

မြန်မာစီးပွားရေး ပိုမိုကောင်းမွန်သည့် အနေအထားအတွက် အခြေခံ အဆောက်အအုံများ၊ ဆောက်လုပ်ရေး စီမံကိန်းများ၊ အလုပ်ရုံ၊ စက်ရုံ၊ စက်မှုဇုန်များ တည်ဆောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန် အတွက် ပိုမိုများပြားသည့် FDI များကို ဖိတ်ခေါ်ကြောင်း စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ယခင်ထက် ပိုမိုများပြားလာသည့် မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၈ ခုနှစ်မှစပြီး နှစ်စဉ် FDI အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း၊

FDIP စီမံကိန်း၏ ပထမပိုင်းကို ၂၀၂၁ – ၂၀၂၅ တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ ရဖို့ ရည်မှန်းထားကြောင်း၊ ထိုစီမံကိန်း ဒုတိယပိုင်း ဖြစ်သည့် ၂၀၂၆ – ၂၀၃၀ ကာလတွင် ပြည်တွင်း ထုတ်လုပ်မှုများ မြင့်မားလာရေးကို အခြေခံထားပြီး အဆိုပါ ကာလ၌ FDI ပမာဏ တစ်နှစ်လျှင် ဒေါ်လာ ၁၁ ဘီလျံ ရဖို့ ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောသည်။

“Exportလုပ်ငန်းတွေကို တရုတ်နဲ့ချိတ်လုပ်ချင်ပါတယ်၊ ဒီမှာ စက်ရုံဆောက်မယ်၊ ဒီမှာစက်ရုံလာဆောက်ပြီး သေချာထုတ်လုပ်ပြီး ပြန်ပို့မယ်ဟာမျိုးကို စိတ်ဝင်စားတယ်” အမှုဆောင်ဒါရိုက်တာ ဦးပြည်စိုးထင်ကဆိုသည်။

မြန်မာနိုင်ငံ၌ စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးရေး၊ လမ်းပန်းဆက် သွယ်ရေး၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ စသည့် အခြေခံ အဆောက်အအုံများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်နေကြောင်း မြန်မာလုပ်ငန်းရှင်များထံမှ သိရသည်။

“ မြန်မာလုပ်ငန်းရှင်တွေ တော်တော်များများ တရုတ်နဲ့ လုပ်ငန်းတွေပူးပေါင်းလုပ်နေတာတွေအများကြီး ရှိပါတယ်၊ ထပ်ပြီးတော့လဲ ပူးပေါင်းလုပ်ကိုင်ချင်တယ်”ဟု ရွှေလီရှိ ကုန်သည်တစ်ဦးက ဆိုသည်။

မိုက်ခရိုစီးပွား အဆောက်အအုံများ ဖွ ံ့ဖြိုးလာရန် အတွက် စီးပွားရေး ပုံစံများ ပြောင်းလဲရန်၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးအတွက် FDI များ ပိုပြီး ဝင်လာရန် ဆွဲ ဆောင်ရမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အာရှနှင့် ဥရောပတိုက် အကြား ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် ဖောက်လုပ်နေသာ ခေတ်သစ်ပိုးလမ်းမကြီးကိုလည်း မြန်မာလုပ်ငန်းရှင်များက လေ့လာစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

“ပိုးလမ်းမကြီးဟာ တရုတ်ရဲ့အကျိုးစီးပွားတစ်ခုထဲကို ဆောင်ရွက်တာမဟုတ်ပဲ ကမ္ဘာကြီးတစ်ခုလုံး ချမ်းသာလာအောင်၊ အေးချမ်းလာအောင် ၊ ကမ္ဘာကြီးတစ်ခုလုံးစည်းစည်းလုံးလုံးဖြစ်လာအောင်ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်၊ ၂၀ရာစုရဲ့ ပိုးလမ်းမကြီးနဲ့ ၂၁ရာစု ပိုးလမ်းမကြီး နှစ်ခုကိုပေါင်းစပ်ပြီး အာရှဒေသကနေပြီး အလယ် ၊ ဗဟိုအာရှဒေသနဲ့ အာဖရိကနဲ့ ဆက်သွယ်သွားတဲ့ စက်ဝိုင်းကြီးတစ်ခုဖြစ်အောင် လုပ်တဲ့သဘောပါ”ဟု မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားသည်။

အဆိုပါ ခေတ်သစ်ပိုးလမ်းမကြီးသည် ကုန်စည်စီးဆင်းမှုများ ချောမွေ့လာခြင်း၊ ကုန်စည်ပို့ဆောင်ရေးများ ကောင်းမွန်လာခြင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာခြင်း၊ အဆိုပါ ဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးလာခြင်းနှင့် ယဉ်ကျေးမှုဖလှယ်သော လုပ်ငန်းများပိုမိုကောင်း မွန်လာခြင်း စသည့် အကျိုးများရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံသို့ အများဆုံး ဝင်ရောက် သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ထုတ်ကုန်ကဏ္ဍ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံသည် စင်ကာပူဖြစ်ပြီး ယင်းနောက်တွင် တရုတ် နှင့် ထိုင်းတို့က အစဉ်လိုက်ရပ် တည်နေသည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၈ ခုနှစ်မှစပြီး နှစ်စဉ် FDI အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထားသည်။

အစိုးရသစ်လက်ထက်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၅၁၇၂.၂၂၇သန်းရှိပြီး လုပ်ငန်း ၁၃၈ခုကို စိစစ်ခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့တင်ပြထားသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၇၄ ခုရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.