Local
မီးပုံးပျံဖြင့် ပို့ဆောင်ပေးသည့် လုပ်ငန်း အောက်တိုဘာ လတွင်ပြန်လည်စတင်မည်
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရှုခင်းများ ကြည့်ရှုနိုင်ရန် ခရီးသွား ဧည့်သည်များကို မီးပုံးပျံဖြင့် ပို့ဆောင်ပေးသည့် လုပ်ငန်းသည် ရာသီဥတု အခြေအနေ ကြောင့် လေးလကျော် ရပ်နားထားခဲ့ ရာမှ ပွင့်လင်းရာသီ ဖြစ်သည့် အောက်တိုဘာ လတွင် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် မီးပုံးပျံ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီလေးခု ရှိပြီး မီးပုံးပျံ အလုံးရေ ၃၂ လုံးရှိကြောင်း၊ မီးပုံးပျံ စီးနင်းခ အနေဖြင့် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ဝ မှ ၃၈ဝ အထိရှိကြောင်း သိရသည်။
မီးပုံးပျံကို ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ အများဆုံး ပျံသန်းပြီး အင်းလေး၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ နှင့် မော်လမြိုင် စသည့်ဒေသ တို့၌လည်း ပျံသန်းမှုများ ရှိကြောင်းသိရသည်။ (Xinhua)