Connect with us

Local

အင်းလေး နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စားသောက်ဆိုင်များတွင် သန့်ရှင်းမှု အာမခံ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည်

ပုဂံရှုခင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားသည့် အင်းလေး နှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စားသောက်ဆိုင် များ၌ အရည်အသွေး နှင့် အစားအသောက် သန့်ရှင်းမှု အာမခံ အသိအမှတ်ပြု လက်မှတ်ကို မကြာမီ စတင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (MRA) က စားသောက်ဆိုင်များ လိုက်နာရမည့် အချက် အလက်များကို ဥပဒေ ပညာရှင်များနှင့် ကျွမ်းကျင် ပညာရှင်များ၏ အကူအညီ ရယူကာ ရေးဆွဲလျက်ရှိပြီး စားသောက်ဆိုင် များ၌ FDA အသိအမှတ်ပြု ကုန်ပစ္စည်းများ နှင့် လတ်ဆတ်သော သစ်သီးဝလံ များကို အသုံးပြုရေး၊ ဝန်ထမ်းများ ကျွမ်းကျင်မှု ရှိရေး၊ အစားအသောက်များ သိုလှောင်ရေး နှင့် သန့်ရှင်းသော အစားအသောက်များ ချက်ပြုတ်ရေး စသည့် အချက်အလက် များကို ထည့်သွင်းရေးဆွဲ ထားကြောင်း သိရသည်။

ယင်း စည်းကမ်းချက်များ ထွက်ရှိလာ ပါက စားသောက်ဆိုင် လုပ်ငန်းရှင် များအား အသိပေးကာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင် ဝန်ထမ်းများကို သင်တန်းများ ပေးပြီး အသင်း၏ အသိအမှတ်ပြု လက်မှတ် (MRA Plaque) ကို စားသောက်ဆိုင် များ၌ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းလက်မှတ် ထုတ်ပေးမှုကို မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး အင်းလေးနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ၌ စတင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.