Local
မောင်တောကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၃၀၀၀ကျော် တင်ပို့နိုင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀၀၀ကျော် တင်ပို့နိုင်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်းထံမှ သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဧပြီလ မှ ဇန်နဝါရီ ၁၄ ရက်အထိ ဆန်တင်ပို့မှုပမာဏမှာ ဧည့်မထဆန် တန်ချိန် စုစုပေါင်း ၁၃၄၂ဝ ကျော် တင်ပို့ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မောင်တောကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုတွင် အများဆုံးပစ္စည်းမှာ ဆန်ဖြစ်ပြီး ဒုတိယအနေဖြင့် ရေထွက်ပစ္စည်း၊ တတိယအနေဖြင့် အဆင်သင့် စားသုံးနိုင်သည့် စားသောက်ကုန် ပစ္စည်းတို့ တင်ပို့ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မောင်တောဒေသတွင်းတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားသည့် ၂ဝ၁၇ သြဂုတ်လ ၂၅ ရက် မှစ၍ ရက်ပေါင်း ၄၉ ရက်တိုင် ခေတ္တရပ်ဆိုင်းသွားခဲ့သည့် ကုန်သွယ်မှု လုပ်ငန်းမှာ အောက်တိုဘာ ၁၄ ရက်တွင် မြန်မာ – ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုကို ပြန်လည်စတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)