Connect with us

World

အမေရိကန် နိုင်ငံ ၏ အီရန်နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ခြင်း သည် ကမ္ဘာ့ ရေနံဈေးနှုန်းအား အဆက်မပြတ် မြင့်တက်လာစေနိုင်မည်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၈ ရက်နေ့၌ အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ရန် လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

နယူးယောက် ၊ မေ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က လတ်တလော ရက်ပိုင်းတွင် အီရန်နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက်ကြောင်း နှင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆိုမှုများ ကို ပြန်လည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်း ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကြီး မှ အရှေ့အလယ်ပိုင်း ရေနံ ထောက်ပံ့မှု ၏ တည်ငြိမ်မှု နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားလာစေခဲ့ကာ မေလ ၁၄ ရက်နေ့ အထိ ၄ ရက် ဆက်တိုက် ကမ္ဘာ့ ရေနံဈေးနှုန်း မှာ ၃ နှစ်ခွဲ တာ ကာလ အတွင်း အမြင့်ဆုံး ဈေးနှုန်း သို့ ရောက်ရှိနေပြီး လေ့လာသုံးသပ်ရေး ပညာရှင်များ ကလည်း ပထဝီ နိုင်ငံရေး အန္တရာယ် နှင့် ရေနံ ထောက်ပံ့ရေးမညီမျှမှု များအောက် တွင် ကမ္ဘာ့ရေနံ ဈေးနှုန်း အနေဖြင့် ယခုနှစ် အတွင်း ဆက်လက် မြင့်တက်လာ နိုင်ခြေ ရှိကြောင်း ခန့်မှန်းခဲ့ကြသည်။

မေလ ၁၄ ရက်နေ့ ဈေးနှုန်း ပိတ်သိမ်းသည့် အချိန်ထိ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး စင်တာ တွင် ဇွန်လ တွင် ရောင်းဝယ်မည့် ရေနံစိမ်းဈေးနှုန်း အမေရိကန် ဒေါ်လာ ဝ.၂၆ မြင့်တက်လာခဲ့ပြီး ရေနံစိမ်း တစ်စည် အား အမေရိကန် ဒေါ်လာ ၇၀.၉၆ ဖြင့် ဝ.၃ ရာခိုင်နှုန်း တိုးမြင့် လာခဲ့သည်။ ထို့ပြင် ဇူလိုင်လ တွင် ရောင်းဝယ်မည့် လန်ဒန် Brent Crude ရေနံစိမ်း ဈေးနှုန်း မှာလည်း အမေရိကန် ဒေါ်လာ ၁.၁၁ မြင့်တက်လာခဲ့ပြီး ရေနံစိမ်း တစ်စည် အား အမေရိကန် ဒေါ်လာ ၇၈.၂၃ ဖြင့် ၁.၄၄ ရာခိုင်နှုန်း တိုးမြင့် လာခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မေလ ၈ ရက်နေ့၌ အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ရန် လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ လိုက်ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာပြီး နောက်တွင် အိမ်ဖြူတော် မှလည်း ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်မည့် အပြင် အီရန် နိုင်ငံ အား စွမ်းအင် ၊ ရေနံ ၊ ဓာတု နှင့် ငွေကြေး စသည့် ကဏ္ဍများကို အဓိကထား ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။ အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန မှလည်း ဒေါ်နယ်ထရမ့် ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အရေးယူမှုများကို စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ သို့သော် အီရန် နိုင်ငံ သမ္မတ Hassan Rouhani က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီချက် မှ နုတ်ထွက် လိုက်သော်လည်း အီရန် နိုင်ငံ အနေဖြင့် သဘောတူညီချက် အား ယာယီဆက်လက် လိုက်နာနေမည် ဖြစ်ပြီး သဘောတူညီချက် တွင် ပါဝင် သည့် အခြားနိုင်ငံ များနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ၏ ထုတ်ပြန်ချက်အရ အမေရိကန် အစိုးရ အနေဖြင့် အီရန် စွမ်းအင် ကဏ္ဍ လုပ်ငန်း များနှင့် ပတ်သက်၍ ပြန်လည် ဆောင်ရွက်မည့် ပိတ်ဆို့ အရေးယူမှုများတွင် အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များနှင့် အမေရိကန် နိုင်ငံ ကုန်သွယ်ဖက် နိုင်ငံ များအား အီရန် နိုင်ငံ အမျိုးသား ရေနံ ကုမ္ပဏီ စသည့် အီရန် နိုင်ငံပိုင် ကုမ္ပဏီ များမှ ရေနံ ၊ ဓာတ်ဆီ နှင့် ရေနံဓာတု ဆက်စပ် ပစ္စည်းများ ဝယ်ယူခြင်း အား ကန့်သတ်သွားမည် ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့ တွင် ဘက်စုံပိတ်ဆို့မှု ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု ကြောင့် ရင်းနှီးမြှုပ်နှံသူများ က အရှေ့အလယ်ပိုင်း ဒေသ ရေနံစိမ်း ထောက်ပံ့မှု လျော့ကျလာနိုင်ခြင်း အပေါ် စိုးရိမ်ပူပန်လာခဲ့သည်။ ပထဝီ နိုင်ငံရေး အန္တရာယ် ဖြစ်ပွား လာသဖြင့် ဈေးကွက်စွန့်စားမှု အခြေအနေများ ရှောင်ရှားရန် အတွက် ရင်းနှီးမြှုပ်နှံသူများ က ရွှေ နှင့် ရေနံစိမ်း စသည့် အန္တာရာယ် ရှောင်ရှားနိုင်သော ပိုင်ဆိုင်မှုများ အပေါ် ပြောင်းလဲ ရင်းနှီးမြှုပ်နှံမှု ပြလုပ်လာသောကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း မှာလည်း ကြီးမားစွာ မြင့်တက်လာခြင်း ဖြစ်သည်။

နယူးယောက် နိုင်ငံရေး စွန့်စားမှု ဆိုင်ရာ အကြံပေး အဖွဲ့အစည်း ဥရောပ-အာရှ လုပ်ငန်း ကုမ္ပဏီ (Eurasia Group) ဥက္ကဋ္ဌ Cliff Kupchan က သုတေသန စာတမ်း တစ်ခု တွင် ဒေါ်နယ်ထရမ့် ၏ ဆောင်ရွက်မှု သည် အဓိက အားဖြင့် ဆွေးနွေးမှု မဟာဗျူဟာ တစ်ခု ဖြစ်ပြီး အီရန် နျူကလီးယား သဘောတူညီချက် နောက်ဆုံး ရလာဒ် အဖြစ် မသတ်မှတ်ထား သင့်ကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် ပိတ်ဆို့အရေးယူမှု ကို နောက်ဆုံး လက်တွေ့အကောင်အထည် ဖော်ခဲ့ပါက ကမ္ဘာ့ရေနံဈေးနှုန်း အဆက်မပြတ် မြင့်တက်လာမည် မှာ ရှောင်လွှဲ၍ မရနိုင်တော့သည့် ဖြစ်ရပ် တစ်ခု ဖြစ်လာမည် ဟု ခန့်မှန်း ပြောကြား ထားခဲ့သည်။

အနောက်နိုင်ငံများ အနေဖြင့် ၂၀၁၂ ခုနှစ် ၌ အီရန် စွမ်းအင် လုပ်ငန်း ကုမ္ပဏီ များအပေါ် ပိတ်ဆို့အရေးယူမှု တစ်ရပ် ဆောင်ရွက်ခဲ့ဖူးပြီး ယင်းဆောင်ရွက်မှုကြောင့် အီရန် နိုင်ငံ နေ့စဉ် ရေနံစိမ်း ပို့ကုန် စည်ပေါင်း ၁ သန်းကျော် လျော့ကျ သွားခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက် တွင် အီရန် နိုင်ငံ နှင့် အီရန် အရေး ၆ နိုင်ငံ (အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ) တို့က ဗီယင်နာ တွင် အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများအား တဖြည်းဖြည်း လျှော့ချပေးရန် နှင့် အီရန် နိုင်ငံ မှ နျူကလီးယား စီမံကိန်း များအား ကန့်သတ်ရန် သဘောတူညီ ခဲ့ကြသည်။

ယင်း သဘောတူညီ စာချုပ် ရေးထိုးပြီး နောက် ၂၀၁၆ ခုနှစ် တွင် နိုင်ငံတကာ အသိုင်းအဝိုင်း မှ အီရန် နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရပ်တန့်ပြီးနောက်တွင် အီရန် နိုင်ငံ အနေဖြင့် ကမ္ဘာ့အဓိက ရေနံ ထုတ်လုပ်သည့် စာရင်းတွင် ပြန်လည် ဝင်ရောက်လာခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ကမ္ဘာ့ တတိယ ရေနံ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။ နောက်ဆုံး စာရင်းပြုစုချက်များအရ ယခုနှစ် မတ်လပိုင်း တွင် အီရန် နိုင်ငံ ၏ နေ့စဉ် ရေနံစိမ်း ထုတ်လုပ်မှု မှာ ၃.၈၁ သန်း စည် ဖြစ်ပြီး ကမ္ဘာ့ရေနံ ထောက်ပံ့မှု ၏ ၄ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

ရေနံ ကဏ္ဍ ပညာရှင်များ က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်ပါက အီရန် နိုင်ငံ ၏ နေ့စဉ် ရေနံစိမ်း ထုတ်လုပ်မှု ကို စည်ပေါင်း ၂ သိန်း မှ ၆ သိန်း အထိ လျော့ကျသွား စေနိုင်မည် ဖြစ်ပြီး အဆိုးရွားဆုံးသော အခြေအနေ တွင် နေ့စဉ် ထုတ်လုပ်မှု စည်ပေါင်း ၁ သန်း အထိ လျော့ကျ သွားနိုင်ခြေရှိကြောင်း ခန့်မှန်း ခဲ့ကြသည်။

ကမ္ဘာ့ရေနံစိမ်း အဓိက ထုတ်လုပ်သည့် နိုင်ငံ မှ ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချခြင်း သည် လတ်တလော နှစ်ပိုင်းအတွင်း ကမ္ဘာ့ ရေနံဈေး မြင့်တက် လာရသည့် အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်။ ကမ္ဘာ့ရေနံထုတ်လုပ်မှု နိုင်ငံများ အဖွဲ့အစည်း (OPEC ) နှင့် ရုရှား နိုင်ငံ တို့က ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချရေး သဘောတူညီမှု ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း အထိ တိုးမြှင့် ရန် သဘောတူညီ ခဲ့ကြသည်။ ယင်းသဘောတူညီချက် အရ အဓိက ရေနံ ထုတ်လုပ်သည့် နိုင်ငံ များအနေဖြင့် နေ့စဉ် ရေနံစိမ်း ထုတ်လုပ်မှု ကို ၁.၈၀ သန်း အထိ လျှော့ချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချလာခြင်းကြောင့် ကမ္ဘာ့ရေနံ ဈေးနှုန်းမှာလည်း ၂၀၁၆ နှစ်ဆန်းပိုင်း တွင် တည်ရှိသည့် ရေနံစိမ်း တစ်စည် အမေရိကန် ဒေါ်လာ ၃၀ မှ လက်ရှိ ရေနံစိမ်း တစ်စည် အမေရိကန် ဒေါ်လာ ၇၀ အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဗြိတိန် နိုင်ငံ နိုင်ငံတကာ မဟာစီးပွားရေး အကြံပေး ကုမ္ပဏီ ၊ ကုန်စည် သုံးသပ်ရေး ပညာရှင် သောမတ်စ်ဖျူး က အရှေ့အလယ်ပိုင်း ပထဝီ နိုင်ငံရေး အခြေအနေ တင်းမာမှု မှာ လတ်တလော ကာလပိုင်းတွင် ပိုမို မြင့်တက်လာ ခဲ့ပြီး အီရန် နိုင်ငံ အနေဖြင့် နောက်ဆုံး တွင် အီရန် နျူကလီးယား သဘောတူညီချက် စာချုပ် မှ နုတ်ထွက်သွားပါက ကမ္ဘာ့ရေနံစိမ်း ထောက်ပံ့မှု အခြေအနေ မှာ ပိုမို ဆိုးရွားလာမည် ဖြစ်ပြီး ကမ္ဘာ့ ရေနံဈေးနှုန်း အနေဖြင့် လာမည့် အနာဂတ် လပိုင်း အနည်းငယ် အတွင်း ဆက်လက်၍ မြင့်တက်နေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.