Connect with us

World

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်ချက် တစ်ရပ်အဖြစ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို အဆင့်မြှင့်တင် သွားမည်

အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Gautam Mukhopadhaya (မစ္စတာ ဂူတမ်မူခိုပါဒါယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်ချက် တစ်ရပ် အဖြစ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အစိုးရချင်း သဘောတူညီမှုလဲ ရယူထားပြီး ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Gautam Mukhopadhaya (မစ္စတာ ဂူတမ်မူ ခိုပါဒါယာ) က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် တမူး-ကလေး၊ ကလေး-ကလေးဝ ၊ ကလေးဝ- ရာဂျီး စသည် လမ်းများကို အဆင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

တမူး-ကလေး-ကလေး၀ လမ်းတလျှောက်တွင်ရှိသော တံတား၆၉ စင်းကိုလည်းပြုပြင်သွားမည်ဖြစ်ပြီး၊
အိန္ဒိယ အနေဖြင့် မြန်မာ၊ ထိုင်းတို့နှင့် ဆက်သွယ်မည့် trilateral highway ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Gautam Mukhopadhaya က “ဆွေးနွေးမှု အောင်မြင်ရင် မြန်မာက သုံး နိုင်ငံရဲ့ အကူးအပြောင်း ဆုံမှတ် ဖြစ်လာမှာပါ။ အိန္ဒိယ-မြန်မာ-ထိုင်းမှာ အဓိက က အိန္ဒိယ က ထိုင်းနဲ့ မော်တော်ယာဉ် motor vehicles သွားလာမှု တိုက်ရိုက် ပြုလုပ်လိုတာ ဖြစ်လို့ မြန်မာက ကြားခံ ဆုံမှတ် ဖြစ်လာမှာပါ’’ ဟု ပြောသည်။

မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပါဝင်မည့် အခန်းကဏ္ဍများ (India-Myanmar Business Conclave) ခေါင်းစဉ်ဖြင့် အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် သံအမတ်ကြီးမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါဝင်မည့် အခန်းကဏ္ဍများ (India-Myanmar Business Conclave) အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အစိုးရ အဖွဲ့သစ် တက်လာပြီး နောက်ပိုင်းတွင် ဝန်ကြီးဌာနများနှင့် အဆင့်မြင့် အပြန်အလှန် စီးပွားရေး ဆက်ဆံမှု ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပထမဆုံး ကျင်းပသော အဆင့်မြင့်ဆုံး အပြန်အလှန် စီးပွားရေး ဆက်ဆံမှုများထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ အစိုးရသစ်၏ အထူးစိတ်ဝင်စားသော လုပ်ငန်း နယ်ပယ်များ အနက် ဦးစားပေး ဆောင်ရွက်ရမည့် နယ်ပယ်များမှာ စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ရေလုပ်ငန်း၊ ကျေးလက်ဒေသ လုပ်ငန်းများ၊ စွမ်းအင်၊ အစား အစာနှင့် အဝတ် အထည်ချုပ်လုပ်ငန်းများ ၊ အိုင်တီ၊ ကျန်းမာရေး၊ ပညာရေး နှင့် ကျွမ်းကျင်မှု သင်တန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍများ၊ ဘဏ်နှင့် ငွေရေးကြေးရေး လုပ်ငန်းတို့ ဖြစ်သည့်အပေါ် အိန္ဒိယနိုင်ငံနှင့် စိတ်ဝင်စားမှုချင်း ထပ်တူညီသည့် အတွက် နှစ်နိုင်ငံ ပူးပေါင်း၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးမှ ပြောကြားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.