Connect with us

World

အီးယူ-မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး အစီအစဉ် စတင်

အီးယူ-မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး အစီအစဉ် စတင်ခြင်း အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အီးယူ-မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး အစီအစဉ်အား ယနေ့ စတင်လိုက်ပြီး ရေထွက် ပစ္စည်း နှင့် ပဲများ ပြည်ပတင်ပို့မှု မြှင့်တင်ရန် အဓိကထား လုပ်ဆောင်သွားမည်ဟု အီးယူ(မြန်မာ) ရုံးက သတင်း ထုတ်ပြန်လိုက်သည်။

အီးယူ-မြန်မာ ကုန်သွယ်ရေး ဖွံ့ဖြိုးမှု အစီအစဉ် (EU-Myanmar Trade Development programme= TDP) သည် ကမ္ဘာ့ကုန်သွယ်မှု ဈေးကွက်သို့ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်နိုင်ရေး အတွက် အဓိကထား လုပ် ဆောင်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန် ကိုဘီယာက “ မြန်မာနိုင်ငံဟာ လမ်းဆုံ မှာရောက်ရှိနေပြီး ဒါဟာ အီးယူအပါအဝင် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ဈေးကွက်တွေကို ဝင်ရောက်နိုင်မယ့် အကောင်းဆုံး အခွင့် အလမ်းကို အသုံးပြုဖို့ မရှိမဖြစ်လိုအပ်ချက်လဲ ဖြစ်တယ်၊ ဒီအစီအစဉ်(TDP) က အစားအစာများ အရည်အသွေး နဲ့ စားသုံးသူကာကွယ်ရေး၊ ကုန်သွယ်မှု အခြေခံအဆောက်အအုံ အဆင့်မီရေးနှင့် ပို့ကုန်မြှင့်တင်ရေး၊ အလုပ်အ ကိုင် ဖန်တီးပေးရေးနဲ့ ဝင်ငွေတိုးလာစေရေးတွေ အတွက်လဲ အထောက်အပံ့ဖြစ်စေပါမယ်” ဟု ပြောသည်။

TDP အစီအစဉ်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အထိ လုပ်ဆောင်မည့် သုံးနှစ်တာ နည်းပညာထောက်ပံ့မှု အစီ အစဉ်ဖြစ်ပြီး Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) မှ စီးပွားရေး ဝန်ကြီးဌာန၊ နိုင်ငံပိုင် နှင့် ပုဂ္ဂလိဂပိုင် လုပ်ငန်းများ နှင့် အနီးကပ် ပူးပေါင်း အကောင်အထည် ဖော်သွား မည်ဖြစ်သည်။ ယင်း အစီအစဉ်အတွက် ဘတ်ဂျက်မှာ ယူရို ၁၀.၅ မီလီယံ(မြန်မာငွေ ကျပ် ၁၅ ဘီလီယံ) ကုန်ကျမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ဂျာမနီ နိုင်ငံ တို့မှ ရန်ပုံငွေထောက်ပံ့ထားပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က “ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ကုန်သွယ်မှု အဝန်အဝိုင်းမှာ တက်ကြွစွာပါဝင်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ TDP လုပ်ငန်းစဉ် ကတဆင့် နိုင်ငံတကာ ကုန်သွယ်မှု အသိုင်းအဝိုင်းမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” ပြောကြား ခဲ့သည်။
TDP အစီအစဉ်တွင် ကနဦးအနေဖြင့် ရေထွက်လုပ်ငန်းနှင့် ပဲတင်ပို့မှုများတွင် လုပ်ဆောင်သွားမည် ဖြစ်ပြီး အီယူ ဈေးကွက် သို့ ရေထွက်ကုန် တင်ပို့မှုကိုတော့ လုပ်ဆောင်နေပြီး ဖြစ်ကြောင်း ပဲပင်ပေါက်များကိုလည်း အီး ယူ စည်းမျဉ်းများ နှင့်အညီ ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ခြင်း၊ ထုပ်ပိုးခြင်းများဖြင့် တင်ပို့နိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ TDP အစီအစဉ်၏ အဓိက ရည်ရွယ်ချက်နှင့် ပန်းတိုင်များမှာ ကုန်သွယ်မှု ဆိုင်ရာမှုဘောင် အခြေအနေများ တိုးတက် လာစေရန် အခြေခံ အဆောက်အအုံများ အရည်အသွေး မြင့်မားလာရေး၊ ကုန်သွယ်မှု ဆိုင်ရာ အဆင့်များ ရှင်းလင်းလွယ်ကူလာစေရေး၊ စားသုံးသူ ကာကွယ်ရေး သဘောတူညီမှုများ၊ အီးယူ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက် စင်တာ ထူထောင်ရေး၊ အစားစာ အရည်အသွေး ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများ၊ အစားအစာ စမ်းသပ်ဓာတ် ခွဲခန်းများ၊ ဝန်ထမ်းများလေ့ကျင့်သင်ကြားရေး၊ ကိရိယာများ ကူညီထောက်ပံ့ရေး၊ အစားအသောက် ထုတ်လုပ်ရေးနှင့် လုပ်ငန်းစဉ်များ တိုးတက်ရေး စသည်တို့ ဖြစ်သည်။ (Xinhua)