Connect with us

World

ကမ္ဘာ့ ကုန်သွယ်မှု တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရန် G20 တိုက်တွန်း

တရုတ် စီးပွား ကူးသန်းဝန်ကြီး Gao Hucheng နှင့် တူရကီ စီးပွားရေး ဝန်ကြီးတို့အား G20 ဝန်ကြီးများ အစည်းအဝေး တွင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရာစုနှစ် ၄ စုအတွင်း ပထမဆုံး အကြိမ်အနေဖြင့် G-20 စီးပွားရေးသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုထက် လျော့ကျလာသောကြောင့် ကုန်သွယ်မှု ပိုမို တိုးတက်လာရန် ပြုပြင် ပြောင်းလဲမှုများ နက်ရှိုင်း ကျယ်ပြန့်စွာ ပြုလုပ်ရေး အတွက် G-20 ကုန်သွယ်ရေး ဝန်ကြီးများက မနေ့က သဘောတူခဲ့ကြသည်။

“ပြည့်စုံ ကျယ်ပြန့်တဲ့ နိုင်ငံတကာ ကုန်သွယ်မှု စနစ်နဲ့သာ ဒီဦးတည်ချက် ရရှိစေရေး ပြန်လည် ပြောင်းလဲနိုင်မှာ ဖြစ်ပြီး ကုန်သွယ်ရေး တိုးတက်မှု ပြန်လည် ကောင်းမွန်လာမှာ ဖြစ်တယ်” ဟု ဝန်ကြီးများက အစ္စတန်ဘူလ်တွင် ပြုလုပ်ခဲ့သော နှစ်ရက်တာ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တရုတ်နိုင်ငံ စီးပွား/ကူးသန်းဝန်ကြီး Gao Hucheng က တရုတ်နိုင်ငံ အနေဖြင့် ထုတ်ကုန်များ၏ ကုန်သွယ်မှု ပမာဏ နှင့် အရေးပါသော ပို့ကုန်၊ သွင်းကုန် ကိန်းဂဏန်းများဖြင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှု ကြီးထွားရန် ပါဝင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်တွင် ပြုလုပ်သော G20 ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး(ဆင်ဟွာ)

“၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံက G20 ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမဲ့ အချိန်မှာ ကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် ရင်းနှီး မြှပ်နှံမှုတွေဟာ ထိပ်တန်း အကြောင်းအရာ ဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံ ကလည်း ဘက်စုံ ဖွံ့ဖြိုးမှု နှင့် နိုင်ငံတကာ ကုန်သွယ်မှု စနစ်များမှာ ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ပါပဲ” ဟု တူရကီ စီးပွားရေး ဝန်ကြီး နီဟတ် ဇီးဘတ်ခ်စီနှင့် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Gao ကပြောသည်။

ဇီးဘတ်ခ်စီကလည်း စနစ် နှင့် ကိုက်ညီမှုရှိသော မူဝါဒများ အကောင်အထည် ဖော်ခြင်း မှတဆင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တိုးတက်မှုနှုန်း နှေးကွေးခြင်း အဟုန်ကို ပြောင်းလဲနိုင်ရန် G20 အဖွဲဝင် နိုင်ငံများအား တိုက်တွန်း ခဲ့သည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးကို ဖောင်းပွမှု ဖြစ်နေသော ငွေကြေး ကဏ္ဍများအစား ကုန်ထုတ်လုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် ဖန်တီးရေး စတဲ့ အရေးပါတဲ့ ကဏ္ဍတွေနဲ့ ထောက်ပံ့ပေး သင့်တယ်” ဟု ဇီးဘတ်ခ်စီက ပြောသည်။

Trans-Pacific Partnership ဟု အများသိထားကြသော ပစိဖိတ် ဝန်းကျင်ဒေသ နိုင်ငံများအကြား ကုန်သွယ်မှု သဘောတူညီမှု အကြောင်းအား အောက်တိုဘာလ ၅ ရက်နေ့က ဆွေးနွေးကြပြီး တူရကီနှင့် တရုတ် ဝန်ကြီးများက ကမ္ဘာ့ ကုန်သွယ်မှု တိုးတက်ရေး အတွက် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု နှင့် အဖွဲ့အစည်း တည်ဆောက်ပုံ ဆိုင်ရာ ကိစ္စများအား ပြောဆို ဆွေးနွေး ခဲ့ကြသည်။

လာမည့် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ ၌ ပြုလုပ်ရန်ရှိသော အေပက် (APEC) အဖွဲ့ဝင် နိုင်ငံများ တွေ့ဆုံရာတွင်လည်း ၎င်းတို့ အနေဖြင့် အာရှ-ပစိဖိတ် ဒေသအတွင်း လွတ်လပ်သော ကုန်သွယ်ဒေသ လမ်းပြ မြေပုံအား အပြည့်အဝ ဆွေးနွေးသွားရန် ရှိကြောင်း Gao မှ မှတ်ချက် ပြုပြောကြားခဲ့သည်။ (Xinhua)