Connect with us

World

TPP ဆွေးနွေးပွဲ ကျင်းပပြီးစီးခဲ့ပြီး အချိန် အနည်းငယ် နောက်ပိုင်းမှသာ စာချုပ်ကို အတည်ပြု နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်

အောက်တိုဘာ ၅ ရက်နေ့တွင် ကျင်းပ ခဲ့သည့် TPP ဆွေးနွေးပွဲ အား မြင်တွေ့ခဲ့ရစဉ် (ဆင်ဟွာ)

အတ္တလန်တာ ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် ဖြစ်သည့် Michael Froman မှ အောက်တိုဘာ ၅ ရက်နေ့ တွင် အမေရိကန် ၊ ဂျပန် နှင့် သြစတြေးလျ စသည့် နိုင်ငံ ပေါင်း ၁၂ နိုင်ငံ တို့မှ ပစိဖိတ် ဖြတ်ကျော် မဟာဗျူဟာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (TPP) စာချုပ် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ခဲ့ကြောင်း နှင့် TPP ကုန်သွယ်မှု သဘောတူညီချက် လည်း ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

TPP အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲ ကျင်းပ ပြီးစီးပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် Michael Froman မှ အချိန် ၅ နှစ်ကြာ အဆက်မပြတ် ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက် ဆွေးနွေးပွဲတွင် ပါဝင်ကြသည့် နိုင်ငံ အသီးသီး မှ TPP စာချုပ် နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ပြီး အာရှ-ပစိဖိတ် ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်း ၊ ရေရှည် တိုးတက်ဖွံ့ဖြိုးရေး ၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် ဆန်းသစ် တီထွင်မှု စသည့် ယခင် သတ်မှတ် ခဲ့သည့် အချက်များကိုလည်း ဖော်ဆောင် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Michael Froman မှ TPP စာချုပ် အား တရားဝင် အတည်ပြု နိုင်ရန် အတွက် ဆွေးနွေးမှု တွင် ပါဝင်သည့် အရာရှိ များမှ နည်းပညာပိုင်း ဆိုင်ရာ ကိစ္စရပ် များကို ဆက်လက် ဆွေးနွေး သွားပြီးမှသာ တရားဝင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကုန်သွယ်ရေး ဆိုင်ရာ ပညာရှင်များမှ ယခု ရရှိခဲ့သည့် သဘောတူညီမှု အား တရားဝင် အတည်ပြုနိုင်ရန် အတွက် သက်ဆိုင်ရာ နိုင်ငံ များ၏ ခွင့်ပြုချက် ရပြီးမှသာ အတည်ပြု နိုင်မည် ဖြစ်သောကြောင့် အနည်းဆုံး လအနည်းငယ် သို့မဟုတ် ပိုမို ကြာမြင့် နိုင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် သမ္မတ အိုဘားမား မှလည်း ထို့နေတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် လွှတ်တော်အတွင်းရှိ အမတ်များမှ ဤသဘောတူညီမှု အား ထောက်ခံကြရန် တိုက်တွန်း ခဲ့သည်။ လက်ရှိအချိန် တွင် အမေရိကန် လွှတ်တော် ရှိ အမတ်များမှ သဘောတူညီချက် ကို ကန့်ကွက်သူ များရှိနေကြောင်း သိရှိ ရသည်။

TPP ဆွေးနွေးမှု တွင် ပါဝင်သည့် အချက်များမှာ အလွန် ရှုပ်ထွေးပြီး ပွင့်လင်းမြင်သာမှု မရှိသောကြောင့် အချို့သော အဖွဲ့အစည်း များ၏ အကျိုးစီးပွားကို ထိခိုက်စေ နိုင်သောကြောင့် အမေရိကန် နိုင်ငံ ရှိ ပြည်သူ များမှ ကန့်ကွက်မှု များရှိခဲ့ပြီး ဂျပန် နိုင်ငံ ရှိ ပြည်သူလူထု နှင့် အဖွဲ့အစည်း များမှ လည်း ကန့်ကွက် ဆန္ဒပြမှု များ ပြုလုပ် ခဲ့ကြသည်။

TPP ဆွေးနွေးမှု သည် အမေရိကန် ၊ ဂျပန် ၊ သြစတြေးလျ နှင့် ကနေဒါ စသည့် နိုင်ငံ ပေါင်း ၁၂ နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်း တို့ကို ပတ်သက်မှု ရှိနေပြီး ရင်းနှီးမြှုပ်နှံမှု ၊ ဝန်ဆောင်မှု လုပ်ငန်း ၊ အီလက်ထရောနစ် လုပ်ငန်း ၊ အစိုးရ ဝယ်ယူမှု ၊ မူပိုင်ခွင့် ၊ အလုပ်သမား အရင်းအမြစ် ၊ သဘာဝ ပတ်ဝန်းကျင် စသည့် ကဏ္ဍပေါင်း ၃၀ ခု ပါဝင် ခဲ့သည်။ ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက်တွင် ကမ္ဘာ့ကုန်သွယ်မှု သတ်မှတ်ချက် ကို ကြီးမားသော သက်ရောက်မှုများ ဖြစ်ပွား လာနိုင်ကြောင်း သိရှိရသည်။ (Xinhua)