Connect with us

World

တရုတ်နိုင်ငံသည် လက်တင် အမေရိက၊ ကာရေဘီယံ နိုင်ငံ များနှင့် China-LAC စီးပွားရေး ညီလာခံတွင် နားလည်မှု စာချွန်လွှာ ၁၅ ခု လက်မှတ်ရေးထိုး

၉ ကြိမ်မြောက် China-LAC စီးပွားရေး ညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

ဂွာဒါလာဂျာရာ၊ မက္ကဆီကို၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

လက်တင် အမေရိက နိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်မှုနှင့် ချစ်ကြည် ရင်းနှီးမှု ခိုင်မာစေရန် နားလည်မှု စာချွန် လွှာ ၁၅ ခုအား နှစ်နိုင်ငံ စီးပွားရေး ထိပ်သီး ညီလာခံ၌ လက်မှတ် ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။

၉ ကြိမ်မြောက် China-LAC စီးပွားရေး ညီလာခံအား နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး တရုတ်နှင့် လက်တင် အမေရိက၊ ကာရေဘီယံ နိုင်ငံများမှ အစိုးရ အရာရှိများနှင့် စီးပွားရေး လုပ်ငန်းရှင် ၂,၀၀၀ နီးပါး တက်ရောက်၍ နည်းပညာ၊ ဆန်းသစ် တီထွင်မှု၊ စွမ်းအင်နှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးကြသည်။

ကိုလံဘီယာ၊ ဥရုဂွေး၊ ကျူးဘား နှင့် ပီရူးအပါအဝင် လက်တင် အမေရိက နိုင်ငံများနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့ကြောင်း ProMexico နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေ အဖွဲ့၏ ဋ္ဌာနမှူး မာရီယို ချာကွန် ကပြောသည်။

ထို့ပြင် မက္ကဆီကို နိုင်ငံနှင့်လည်း ဒီဂျစ်တယ်နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် စသော နယ်ပယ် အသစ်များတွင် လမ်းကြောင်းသစ်များ ဖွင့်လှစ် ချဲ့ထွင်သွားမည်ဟု ချာကွန် ကပြောသည်။

ယခု ညီလာခံသို့ တက်ရောက်သူများသည် စိတ်ဝင်စားမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အပြည့်အဝ ရှိသလို ပစိဖိတ်ဒေသ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပွင့်လင်း ရန်ဖြစ်နိုင်ခြေများနှင့် အတူ စိတ်အား ထက်သန်မှု ရှိကြကြောင်း သိရသည်။

အဆိုပါ ညီလာခံအား မက္ကဆီကိုနိုင်ငံ ဂျာလမ်ကို ပြည်နယ်၏ အကြီးမားဆုံး မြို့ဖြစ်သော ဂွာဒါလာဂျာရာ တွင် ပြခန်းတစ်ခုနှင့် အတူ ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ထုတ်ကုန်ပြခန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြသခဲ့သည်။

တရုတ်နိုင်ငံသည် လက်တင် အမေရိကနိုင်ငံများ၏ ဒုတိယ အကြီးဆုံး သွင်းကုန် နိုင်ငံဖြစ်ပြီး ၎င်းတို့မှ တတိယ အကြီးဆုံး ကုန်စည် တင်ပို့ရာ နိုင်ငံလည်း ဖြစ်ပါသည်။ (Xinhua)