Connect with us

Culture & Entertainment

ခေါင်းဆောင်များမိန့်ခွန်းပြောကြားရာ ထျန်းအန်းမင်ရင်ပြင်စင်မြင့်အား အများပြည်သူများ လေ့လာရန် ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင်ရင်ပြင်သို့ လာရောက်လည်ပတ်ကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့လယ်ရှိ ခေါင်းဆောင်များ မိန့်ခွန်းပြောကြားရာ ထျန်းအန်းမင်ရင်ပြင်စင်မြင့်အား တစ်နှစ်ကျော်ကြာ ပြန်လည်ပြုပြင်ပြီးနောက် အောက်တိုဘာလ ၃ ရက်တွင် လေ့လာသူများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

နေ့စဉ် လာရောက်လေ့လာသူ အရေအတွက် ၉,၀၀၀ ဦးအထိ ကန့်သတ်ထားပြီး ဝင်ရောက်လိုသူများအနေဖြင့် တရားဝင် WeChat အကောင့်မှတစ်ဆင့် တစ်ရက်ကြိုတင်စာရင်းသွင်းမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း Beijing Daily ဖော်ပြချက်အရ သိရသည်။

ခေါင်းဆောင်များမိန့်ခွန်းပြောကြားရာ ထျန်းအန်းမင်စင်မြင့်အား တွေ့ရစဉ် (ဆင်ဟွာ) 

အဆိုပါ အထင်ကရနေရာ ဂိတ်ပေါက်တာဝါအား ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်က စတင်ကာ ပြန်လည်ပြုပြင်ရန်အတွက် ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ပြန်လည်ပြုပြင်ထားသော ထျန်းအန်းမင်စင်မြင့်အား အောက်တိုဘာလ ၁ ရက်တွင် ပြုလုပ်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကြီး၌ မြင်တွေ့ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.