Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် တယ်ဟွာ့၏ ကြွေဖြူထည်လက်မှုအနုပညာ ဆက်ခံခြင်းနှင့် ဆန်းသစ်ဖန်တီးခြင်း

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် တယ်ဟွာ့ရှိ လူငယ် ကြွေထည်လက်မှုပညာရှင် ရွှီကျင်းပေါင်၏ ကြွေဖြူထည်ရေနွေးခရားအိုးများကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (Xinhua/Song Weiwei)

တယ်ဟွာ့၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဖူကျန့်ပြည်နယ် တယ်ဟွာ့သည် တရုတ်နိုင်ငံ ရှေးဟောင်း ကြွေထည်လက်မှုအနုပညာမြို့ကြီး ၃ ခု အနက် တစ်ခု ဖြစ်ပြီး ထိုဒေသမှ ထုတ်လုပ်သော ကြွေဖြူထည်များသည် ဆုန့်မင်းဆက် (အေဒီ ၉၆၀ မှ ၁၂၇၉)ခေတ်များမှစ၍ ဥရောပတိုက်သို့ တင်ပို့ရောင်းချခဲ့ရာ မင်မင်းဆက်တွင် ပြင်သစ်လူမျိုးများက “Blanc de Chine (White from China)”ဟု တင်စားခေါ်ဝေါ်ခဲ့ကြပြီး ကမ္ဘာ့တစ်ဝှမ်းကျော်ကြားခဲ့သည်။

လက်ရှိ တယ်ဟွာ့တွင် အကောင်းဆုံး ထိန်းသိမ်းထားသည့် နှစ်ပေါင်းလေးရာကျော်သမိုင်းရှိ ကြွေထည်မီးဖုတ်ဖို နဂါးမီးဖို (ရွဲ့ကျိ မီးဖို)ရှိပြီး ရိုးရာ ကြွေထည်မြေထည်လက်မှုပညာကို ဆက်ခံသူများ မပြတ်ရှိဆဲဖြစ်သည်။ တယ်ဟွာ့ရှိ ကြွေထည်မြေထည်လုပ်ငန်းလုပ်ဆောင်သူ ၁ သိန်းကျော်တွင် မျိုးဆက်သစ် လူငယ်လူရွယ်ပိုင်း လက်မှုပညာရှင်အများစုရှိရာ ရိုးရာလက်မှုပညာကိုဆက်ခံသည့်အခါတွင် ဖန်တီးတီထွင်မှုသစ်များ မပြတ်ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် တယ်ဟွာ့ရှိ လူငယ် ကြွေထည်လက်မှုပညာရှင် ရွှီကျင်းပေါင်၏ ကြွေဖြူထည်ရေနွေးခရားအိုးများကို  အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (Xinhua/Song Weiwei)

ရွှီကျင့်ပေါင်သည် ၎င်းဒေသတွင် နာမည်အတန်ရှိသည့် လူငယ် ကြွေထည်မြေထည် လက်မှုအနုပညာရှင်တစ်ဦး ဖြစ်သည်။ Shanghai Jiao Tong Universityတွင် materials science အထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရသူခဲ့သည့် ရွှီကျင့်ပေါင်သည် ဇာတိမြေကို ပြန်လာပြီး ရိုးရာ လက်မှုအနုပညာကို သင်ယူ၍ တက္ကသိုလ်တွင် သင်ကြားရသည့် ပညာရပ်များဖြင့် ရိုးရာ လက်မှုအနုပညာကို ပေါင်းစပ်ကာ ကြွေထည်မြေထည် နည်းပညာကုမ္ပဏီ တည်ထောင်ခဲ့သည်။ ရိုးရာ ကြွေဖြူထည် လက်ဖက်ရည်အသုံးအဆောင်ပစ္စည်းနှင့်လက်မှုစ္စည်းများကို ဒီဇိုင်း ရေးဆွဲ ဖန်တီးမှုများ ပြုလုပ်သည့်အပြင် ကြွေထည်မြေစေးစပ်သည့်အချိုးအစားကို စမ်းသပ်ပြောင်းလဲခဲ့ရာ ပို၍ အပူဒဏ်ခံနိုင်ခြင်း (heat-resistant) ၊ ကြွေသားမျက်နှာပြင်တိုက်စားမှုမရှိအောင်ကာကွယ်ခြင်း (corrosion-proof) ၊ ကြွေသားအရည်စုပ်ယူမှုအားကောင်းခြင်း (absorption performances) စသည့် ပိုကောင်းသော ကြွေထည်ပစ္စည်းအမျိုးအစားသစ်များကို ထုတ်လုပ်နိုင်ခဲ့သည်။ ယခုနှစ်တွင် ၎င်းလေ့လာထုတ်လုပ်သည့် မီး၊လျှပ်စစ်မီးဖြင့် တိုက်ရိုက် အပူပေးအသုံးပြုနိုင်သည့် ကြွေထည်ဖြူရေခရာအိုး ဈေးကွက်တင်ပြီဖြစ်သလို ရေသန့်စင်ရာတွင် အသုံးပြုနိုင်သော ကြွေဖြူထည်ရေစစ်(ceramic filters)ကိုလည်း မကြာမီပွဲထုတ်တော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် တယ်ဟွာ့ရှိ လူငယ် ကြွေထည်လက်မှုပညာရှင် ရွှီကျင်းပေါင်၏ ကြွေဖြူထည်ရေနွေးခရားအိုးများကို  အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (Xinhua/Song Weiwei)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် တယ်ဟွာ့ရှိ ကြွေထည်မီးဖို နဂါးမီးဖုတ်ဖို (ရွဲ့ကျိ မီးဖို)အား အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(Xinhua/Song Weiwei)

တယ်ဟွာ့တွင် လက်မှုအနုပညာ ဆန်းသစ်ဖန်တီးမှုများအပြင် ကြွေထည်မြေထည် လုပ်ငန်းများက နည်းပညာမြင့်တင်မှုများပြုလုပ်ခဲ့ရာ ထုတ်ကုန်စွမ်းအားကိုလည်း တိုးမြင့်လာခဲ့ခြင်းကြောင့် ပြည်ပအမှာအော်ဒါများ ပို၍ များပြားလာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.