Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် A အဆင့် ခရီးသွားနေရာ ၉၉.၁ ရာခိုင်နှုန်း ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ဆန်းရှိ သဘာဝ ခရီးသွား ဥယျာဉ် မြင်ကွင်းများအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဇူလိုင် ၂၂ ရက်တွင် ပြည်နယ်ခြား ခရီးသွားလုပ်ငန်များ ပြန်လည်စတင်ခဲ့ရာ ခရီးသွားလုပ်ငန်းပြန်လည်ပတ်မှု ရာခိုင်နှုန်း သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားဌာန၏ သတင်းများအရ သိရသည်။

ဩဂုတ် ၁၁ ရက် အထိ ပြည်နယ်တစ်ခုလုံးတွင် A အဆင့် ခရီးသွားနေရာ ၃၃၀ ခု ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ လုပ်ငန်းများ ပြန်လည်လည်ပတ်မှုမှာ ၉၉.၁ ရာခိုင်နှုန်းရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် လူကြိုက်များခရီးသွားနေရာတွင် ခရီးသွားလက်ခံဦးရေသည် များပြားလာပြီး အချို့နေရာများတွင် ပြီးခဲ့သည့်နှစ်ကာလတူ ပမာဏ၏ ၈၀ ရာခိုင်နှုန်းနှင့်အထက် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ဆန်းရှိ သဘာဝ ခရီးသွား ဥယျာဉ် မြင်ကွင်းများအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ဆန်းရှိ သဘာဝ ခရီးသွား ဥယျာဉ် မြင်ကွင်းများအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ဆန်းရှိ သဘာဝ ခရီးသွား ဥယျာဉ် မြင်ကွင်းများအား ဇူလိုင် ၁၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

စာရင်းများအရ ဩဂုတ် ၁၁ ရက် အထိ ယူနန်ပြည်နယ် တစ်ခုလုံးတွင် A အဆင့် ခရီးသွားနေရာ ၃၃၀ ကျော် ပြန်လည် ဖွင့်လှစ်မှုနှင့်အတူ ခရီးသွားနေရာဖွင့်လှစ်မှုသည် ၉၉.၁ ရာခိုင်နှုန်း၊ ပြည်နယ်တစ်ခုလုံးရှိ ခရီးသွားလုပ်ငန်း ၆၃၈ ခု ပြန်လည်လည်ပတ်မှုနှင့်အတူ လုပ်ငန်းပြန်လည်လည်ပတ်မှု ၈၂.၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်းနှင့် ဖျော်ဖြေရေး၊အပန်းဖြေ ကစားကွင်းနှင့် အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်းနေရာ ၅,၀၀၀ ကျော် ပြန်လည် လည်ပတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)