Connect with us

Culture & Entertainment

၂၀၂၀ ပြည့်နှစ် တရုတ်-အီတလီ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ နှစ်နိုင်ငံ သမ္မတများ ဂုဏ်ပြုသဝဏ်လွှာပေးပို့

၂၀၂၀ ပြည့်နှစ် တရုတ်-အီတလီ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီတလီနိုင်ငံ သမ္မတ ဆာဂို မတ်တာရယ်လာ(Sergio Mattarella) တို့သည်  ဇန်နဝါရီ ၂၁ ရက်က အီတလီနိုင်ငံ ရောမမြို့တွင်ကျင်းပသော  ၂၀၂၀ ပြည့်နှစ် တရုတ်-အီတလီ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြကြောင်း သိရသည်။

တရုတ်နှင့်အီတလီ နှစ်နိုင်ငံသည် အရှေ့တိုင်းနှင့်အနောက်တိုင်း၏ ပြောင်မြောက်သည့် ယဉ်ကျေးမှု၏ကိုယ်စားပြုများဖြစ်ကြောင်း ၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးယခင်ပိုးလမ်းမသည် မိုင်သောင်းချီဝေးကွာနေသည့် တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံ၏ ယဉ်ကျေးမှုကို ဆက်နွယ်ထွန်းတောက်စေခဲ့သလို ယနေ့ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်က မိမိတို့၏ နှစ်ပေါင်းထောင်ချီ ချစ်ကြည်ရေးကို ဆက်ခံကာ အားသစ်ထပ်လောင်းစေကြောင်း သမ္မတရှီ၏ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် တရုတ်-အီတလီ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် တရုတ်-အီတလီ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် တရုတ်-အီတလီ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

သမ္မတရှီက တရုတ်-အီတလီနှစ်နိုင်ငံစလုံးသည် ယဉ်ကျေးမှုနှင့်ခရီးသွားအရင်းအမြစ်ပေါကြွယ်ဝကြောင်း ၊ ယဉ်ကျေးမှုခရီးသွားကဏ္ဍများသည် ရှေးယဉ်ကျေးမှုခေတ်သစ်တွေ့ဆုံဖလှယ်မှုများအတွက် ရောင်စုံဆေးပန်းချီခြယ်သကာ ကမ္ဘာ့ယဉ်ကျေးမှု စုံလင်စွာနှင့်မတူညီသော ယဉ်ကျေးမှုများအကြား အပြန်အလှန်လေ့လာဖလှယ်သင်ယူကြနိုင်ရန် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

အီတလီ-တရုတ် ချစ်ကြည်ရေးသည် ရှေးပဝေသဏီကတည်းကဖြစ်ရာ ရှေးယခင်ပိုးလမ်းမတွင် မတူညီသောလူမျိုး ၊ မတူညီသော ဒေသအကြား ဖလှယ်မှု၏ အဓိက ပါဝင်သူများဖြစ်ကြပြီး အစဉ်အမြဲ အပြန်အလှန်လေးစားအားကျခဲ့ရကြောင်း ၊ ယနေ့ခေတ်ကမ္ဘာကြီး၏ရှုပ်ထွေးမှုများကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် အပြန်အလှန်မှီခိုအားထားကြသည့်၊ အပြန်အလှန်အကျိုး ဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု၏ တန်ဖိုးကို နက်နက်နဲနဲ့ သိရှိနားလည်ကာ အရည်အသွေးမြင့်လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တွန်အားပေး ဆောင်ရွက်ပြီး အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်သွားသင့်ကြောင်း သမ္မတ ဆာဂို မတ်တာရယ်လာ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၁၉ခုနှစ် မတ်လက သမ္မတရှီ အီတလီသို့ အလည်အပတ်ခရီးသွားရောက်စဉ်က သမ္မတ ဆာဂို မတ်တာရယ်လာနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်-အီတလီ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ပြည့်ကာလ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဟု ကြေညာခဲ့ရာ ဖျော်ဖြေရေးအနုပညာ၊ Visual Arts၊ ယဉ်ကျေးမှုအမွေအနှစ်၊ ခရီးသွား ၊ရုပ်ရှင်ဗွီဒီယို စသည့် ကဏ္ဍများတွင် အခမ်းအနားအစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.