Connect with us

Economy

တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် ချေးငွေများ ပိုမိုပေးအပ်သွားမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် လင်းရှဟွေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၊ လင်းရှနယ်မြေတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတစ်ခုဖြစ်သော အဝတ်ဖိနပ်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစစ်ပွဲတွင် အောင်နိုင်ရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်းရဲနွမ်းပါးသူများအား အသေးစားချေးငွေများ ပိုမိုပေးအပ်သွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ 

တရုတ်နိုင်ငံ ဘဏ်နှင့် အာမခံ ထိန်းသိမ်းရေးကော်မရှင်နှင့် အခြား အစိုးရဌာနသုံးခုတို့ ပူးတွဲထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးနှင့် ရှိပြီးသား မူဝါဒများကို တသမတ်တည်း အကောင်အထည်ဖော်ရေးအတွက် အသေးစားချေးငွေများကို ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်ရေးအတွက် ကတိပြုခဲ့သည်။ 

ဆင်းရဲသော ငွေချေးငှားသူများအပေါ် COVID-19 သက်ရောက်မှုလျော့ပါးစေရန်အတွက် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အသေးစားချေးငွေအတွက် ပြန်လည်ပေးချေရမည့် ကာလကို သက်တမ်းတိုးမြှင့်ပေးမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ထို့ပြင် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး အသေးစားချေးငွေများဆိုင်ရာအန္တရာယ်ကို ထိန်းချုပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုလုပ်ဆောင်ရန်လည်း အလေးထားဖော်ပြထားသည်။ 

၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည့် အသေးစားချေးငွေသည် ဆင်းရဲသော အိမ်ထောင်စုများကို ထောက်ပံ့ရန် ယွမ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၀၇၈ ခန့်) အောက်ချေးငွေများကို သင့်တင့်သောကာလဖြင့် ချေးပေးခဲ့သည်။ 

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အထိ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး အသေးစားချေးငွေ ထောက်ပံ့ရေးအတွက် ယွမ် ၄၄၄.၃၅ ဘီလီယံ ပေးအပ်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အားနည်းသော ထုတ်ကုန်များကို ကူညီပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်ကာ ချမ်းသာလာခြင်းတို့အပြင် ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများ၌ ငွေကြေးဈေးကွက်များ တိုးတက်မှု အဆင့်မြှင့်တင်ရေးများအတွက် အကူအညီဖြစ်စေကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.