Connect with us

Economy

တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့မှု ယခုနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်း

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပသည့် ကမ္ဘာ့ 5G ညီလာခံ၏ 5G-themed ပြပွဲ၌ ကြည့်ရှုသူများက 5G စမတ်ဖုန်းတစ်လုံးအား စမ်းသပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် နှစ်အလိုက်တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သုတေသနကုမ္ပဏီ International Data Corporation (IDC) က ထုတ်ပြန်သော စက်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာတစ်စောင် အရ သိရသည်။တရုတ်နိုင်ငံ၏ စမတ်ဖုန်းဈေးကွက်သည် ပထမသုံးလပတ် အထူးသဖြင့် ယခုနှစ် ပထမနှစ်လတာတွင် ကောင်းမွန်စွာ တိုးတက်ခဲ့သော်လည်း တရုတ်နိုင်ငံသားသုံးစွဲသူများအကြား ဖုန်းအဆင့်မြှင့်တင်ခြင်း အလားအလာအလုံးစုံ မသိရကြောင်း IDC က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စမတ်ဖုန်း တင်ပို့မှု ပမာဏသည် ဒုတိယသုံးလပတ်နှင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ကျုံ့နိုင်ကြောင်း ကုမ္ပဏီက ခန့်မှန်းထားသည်။ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်း ဈေးကွက်အရ ကုမ္ပဏီက ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်း တင်ပို့ရောင်းချမှုများ နှစ်အလိုက် တိုးတက်မှု ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး ၂၀၂၁ ခုနှစ်တွင် ယူနစ် ၁ ဒသမ ၃၈ ဘီလီယံထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားရာ ကာလတိုအလားအလာ မြင့်တင်ခဲ့ကြောင်း သိရသည်။

တိုးတက်မှုအလားအလာသည် ၂၀၂၂ ခုနှစ်အထိ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း IDC က ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ၁ ဒသမ ၄၃ ယူနစ် ရှိမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

—————————————————–
( English Version)

China’s smartphone shipments expected to grow 6 pct in 2021: report

BEIJING, June 5 (Xinhua) — The shipment of smartphones in China is expected to grow 6 percent year on year in 2021, according to an industrial report published by global market research firm International Data Corporation (IDC).

Though the country’s smartphone market saw robust growth in the first quarter, especially in the first two months of the year, there is no obvious overall trend of upgrading phones among Chinese consumers, said the IDC.

The company projected that China’s smartphone shipment volume would contract in the second quarter and in the second half of the year.

In terms of the global smartphone market, the company has raised its near-term outlook, forecasting that global smartphone shipments would expand 7.7 percent year on year to reach 1.38 billion units in 2021.

The growth trend will continue into 2022, said the IDC, adding that global smartphone shipments would total 1.43 billion units in 2022. Enditem

1.Visitors try a 5G smartphone at a 5G-themed exhibition held during the World 5G Convention in Guangzhou, south China’s Guangdong Province, Nov. 26, 2020. (Xinhua/Deng Hua)