Connect with us

Economy

တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေး ပစ္စည်းများ ကဏ္ဍ ဇန်နဝါရီလမှ ဩဂုတ်လ အတွင်း တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက် လာ သည်ကို တွေ့မြင်ရ

ဘိလပ်မြေ ထုတ်လုပ်သည့် စက်ရုံ တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေး ပစ္စည်းများ ကဏ္ဍ ထုတ်လုပ်မှုမှာ ယခုနှစ် ပထမ ရှစ်လတွင် ပုံမှန် တိုးတက် လာခဲ့ကြောင်း တရားဝင် အချက်အလက်များ အရ သိရသည်။

ဇန်နဝါရီလမှ ဩဂုတ်လ အထိ အဓိက ဆောက်လုပ်ရေး ပစ္စည်းများ အားလုံး ထုတ်လုပ်မှုမှာ မြင့်တက် လာခဲ့ ကြောင်း ၊ ဘိလပ်မြေ နှင့် မှန်ပြား ထုတ်လုပ်မှုမှာ ယခင်နှစ် အလားတူ ကာလ နှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း နှင့် ၅ ဒသမ ၂ ရာခိုင်နှုန်း အထိ တိုးတက်မှုနှုန်း ရှိခဲ့ကြောင်း အမျိုးသား ဖွံ့ဖြိုးရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်ထံမှ သိရသည်။

ဩဂုတ်လတွင် ဘိလပ်မြေ ထုတ်လုပ်မှုသည် ယခင်နှစ် အလားတူ ကာလ နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး မှန်ပြား ထုတ်လုပ်မှုမှာလည်း ၅ ဒသမ ၁ ရာခိုင်နှုန်း မြှင့်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အချက်အလက် အရ ဘိလပ်မြေ နှင့် မှန်ပြားများကို အဓိက သုံးစွဲသော အိမ်ခြံမြေ ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ပထမ ရှစ်လတွင်  တိုးတက်လာကြောင်း တွေ့ရကြောင်း သိရသည်။

အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဇန်နဝါရီလမှ ဩဂုတ်လ အတွင်း ယခင်နှစ် အလားတူ ကာလ နှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရားဝင် အချက်အလက်များ တွင် ဖော်ပြထားသည်။(Xinhua)