Connect with us

Economy

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် အလုပ်သမားများ၏အခြေခံအခွင့်အရေးကို တရားဥပဒေနှင့်အညီ အာမခံပေးလျက်ရှိ

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခုအယ်လဲ့မြို့ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဇုန်တွင် သစ်တော်သီးများအား ထုတ်ပိုးနေသည်ကို ဩဂုတ် ၂၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ )

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ အလုပ်အကိုင် နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှင်းကျန်းဒေသတွင် အလုပ်သမားများ အလုပ်အခွင့်အရေး တန်းတူညီမျှရရှိရန် လက်တွေ့အာမခံ ဆောင်ရွက်လျက်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ အမျိုးသမီးများ တန်းတူအလုပ်အကိုင်အခွင့်အရေး ရရှိရန် ရှင်းကျန်းဒေသတွင် အမျိုးသမီးများ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရေး ကူညီထောက်ပံ့ပေးသည့် မှုဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ယန်းချီခရိုင် စပျစ်ခြံတစ်ခြံ၏ မြင်ကွင်းအား ဩဂုတ် ၂၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်ရှိ မော်တော်ကားစက်ရုံအား ဩဂုတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

 မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အရေးအတွက် အသက်မွေးဝမ်းကျောင်း မွမ်းမံသင်တန်းများ၊ မသန်စွမ်းသူများ တစ်စုတစ်စည်းတည်း အလုပ်အကိုင် လုပ်ကိုင် နိုင်ရန် အခွင့်အလမ်းများ အဆက်မပြတ် တိုးချဲ့ဆောင်ရွက်လျက်ရှိသလို ကူညီထောက်ပံ့မှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းပေးခြင်း၊ ရပ်ရွာလူထု သက်သာချောင်ချိရေးလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ၂၀၁၉ ခုနှစ် အထိဆိုလျှင် ရှင်းကျန်းဒေသတစ်ခုလုံးတွင် စုစုပေါင်း ၁၂၃,၇၀၀ ဦး အား အလုပ်အကိုင်နေရာချထားပေးနိုင်ခဲ့ရာ ၎င်းမှာ အလုပ် လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော မသန်စွမ်းသူ စုစုပေါင်း ဦးရေ၏ ၅၉.၃၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

အလုပ်သမားများ၏ လုပ်ခလစာ အခွင့်အရေးများကို လက်တွေ့အာမခံမှု ပေးလျက်ရှိကြောင်း စက္ကူဖြူစာတမ်းက ဖော်ပြထားသည်။  ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှင်းကျန်းဒေသတွင် နှစ်စဉ် ကုမ္ပဏီလုပ်ငန်းများ၏ လုပ်ခလစာ လမ်းညွှန်ချက် နှင့် လုပ်ခလစာပေးချေမှု အာမခံစနစ်ကို ကောင်းမွန်ပြည့်စုံအောင် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အလုပ်သမားများ အချိန်မှန် လုပ်ခလစာ အပြည့်အဝ ရရှိရေးအတွက် လုပ်ခလစာ မပေးခြင်း စသည့် တရားဥပဒေချိုးဖောက်သည့် လုပ်ဆောင်ချက်များကို ဥပဒေအရ တင်းကြပ်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

နားရက်၊ပိတ်ရက်ခံစားခွင့်အတွက် အလုပ်သမားများသည် ဥပဒေနှင့်အညီ ခံစားခွင့်ရရှိသလို လုပ်ငန်းခွင် လုံခြုံရေးအတွက်  နိုင်ငံ၏ လုပ်ငန်းခွင်လုံခြုံရေး၊ကျန်းမာရေး လုပ်ထုံးလုပ်နည်း စံချိန်စံညွှန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ 

အလုပ်သမားများ လူမှုဖူလုံရေးခံစားခွင့်တွင် ပါဝင်နိုင်ရန် အာမခံထားဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ရှင်းကျန်းဒေသတွင် အခြေခံပင်စင်၊ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် လုပ်ငန်းခွင် ဒဏ်ရာရခြင်းအတွက် လူမှုဖူလုံရေးအာမခံပေးထားသူ ၂၂.၁၃၃၃ သန်း ရှိကြောင်း သိရသည်။ တစ်ချိန်တည်းတွင် အလုပ်သမား အာမခံ စောင့်ကြည့်ရေးဌာန အလွှာအသီးသီးက  တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလုပ်သမား အာမခံ ဥပဒေစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည့် တိုင်ကြားချက်များကို အချိန်မီ လက်ခံ စီမံဆောင်ရွက်ပေး၍ လူမှုဖူလုံရေး အာမခံမထားသည့် ဌာနနှင့် လူမှုဖူလုံရေးအာမခံကြေးမပေးသွင်းသည့် အလုပ်အကိုင်ဌာနများကို တရားဥပဒေနှင့်အညီ အပြစ်ပေးဆောင်ရွက်လျက်ရှိကြောင်း စက္ကူဖြူစာတမ်း၏ ဖော်ပြချက်များအရ သိရသည်။ 

 

ရှင်းကျန်းသည် အလုပ်သမား တိုင်းရင်းသားလူမျိုးစုအသီးသီး၏ ဘာသာရေး ယုံကြည်ကိုးကွယ်မှု လွတ်လပ်ခွင့်ကို အပြည့်အဝ လေးစားရာ မည်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်များ စွက်ဖက်၍မရကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ ဥပဒေအရ တရုတ်နိုင်ငံ၏ အများသုံး စာပေနှင့် ဘာသာစကားကို ကျယ်ပြန့်အောင် ဆောင်ရွက်သည့် တစ်ချိန်တည်းတွင်ပင် လူနည်းစုတိုင်းရင်းသား အလုပ်သမားများ၏ မိမိဘာသာစကားနှင့် စာပေအသုံးပြုမှု၊ ဓလေ့ရိုးရာ အစဉ်အလာကိုလည်း အပြည့်အဝ လေးစားရာ ကောင်းမွန်သည့် အလုပ်အကိုင်နှင့် လူမှုပတ်ဝန်းကျင်းကို ဖန်တီးထားကြောင်း သိရသည်။ (Xinhua)