Connect with us

Economy

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းတွင် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသင်္ဘောကြီး ဆိုက်ကပ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ဆိပ်ကမ်းတစ်ခု၌ ကွန်တိန်နာများအား တွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော HMM GDANSK သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ဆိပ်ကမ်း၌ ဇူလိုင် ၇ ရက်က ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ 

HMM GDANSK သင်္ဘောကြီးသည် ရပ်ဝန်းနှင့် ပိုးလမ်းမ (B&R) တစ်လျှောက်ရှိနိုင်ငံများ၌ ဆိပ်ကမ်းများ၊ သယ်ဆောင်ရေးနှင့် ထောက်ပံ့သယ်ပို့ရေးဝန်ဆောင်မှု ထောက်ပံ့ပေးသူများစွာဖြင့်၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ပူးတွဲစတင်ခဲ့သည့် မိတ်ဖက်ဖြစ်သော “ပိုးလမ်းမ သင်္ဘောဖြင့်ကုန်စည်ပို့ဆောင်ခြင်း” ၌ ပူးပေါင်းပါဝင်လာခဲ့သည့် သင်္ဘောသစ်တစ်စင်း ဖြစ်သည်။ 

အမြင့်မားဆုံးစွမ်းဆောင်ရည်ဖြင့် ရှမန်မြို့ရှိ Songyu ကွန်တိန်နာဆိပ်ကမ်းသည် ဝန်ပါသောနှင့် ဝန်မပါထားသော ကွန်တိန်နာ ၃,၀၀၀ နီးပါးကို လက်ခံထားနိုင်သည်။ အဆိုပါ သင်္ဘောသည်အဝတ်အထည်များ၊ လျှပ်စစ်ထုတ်ကုန်များနှင့် ဓာတုထုတ်ကုန်များ အပါအဝင် ကုန်စည်များကို သယ်ဆောင်သွားမည်ဖြစ်ပြီး နယ်သာလန်နိုင်ငံ Rotterdam ၊ ဂျာမနီနိုင်ငံ ဟမ်းဘတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ Antwerp စသည့်အဓိက ဆိပ်ကမ်းများထံ မလက်ကာရေလက်ကြား၊ ဆူးအက်တူးမြောင်းနှင့် ဂစ်ဘရက်တာရေလက်ကြားမှတစ်ဆင့် သွားရောက်မည်ဖြစ်သည်။ 

အရှည် ၃၉၉.၉၉ မီတာရှည်လျားသော ယင်းသင်္ဘောသည် ကုန်ပစ္စည်း ၂၄,၀၀၀ TEU တင်ဆောင်နိုင်ပြီး စုစုပေါင်း တန်ချိန် ၂၂၄,၉၀၀ တန် သယ်ဆောင်နိုင်ကြောင်း သိရသည်။ ရှမန်မြို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမဖော်ဆောင်မှုတွင် အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။၂၀၁၉ ခုနှစ်တွင် အပတ်စဉ် B&R နိုင်ငံများသို့ သွားရောက်မည့် သင်္ဘော ပျမ်းမျှ ၇၀ နီးပါး ဆိုက်ကပ်ခဲ့သည်။ သို့သော် ယခုနှစ် ပထမနှစ်ဝက်တွင် မမျှော်လင့်ထားသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်  သင်္ဘောဆိုက်ကပ်သည့် အရေအတွက် ရုတ်တရက် ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)