Economy
တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှု အကြီးအကဲများ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ မက်ခရိုစီးပွားရေးမူဝါဒများ ညှိနှိုင်းဆွေးနွေးမှု ခိုင်မာရေးနှင့် တရုတ်-အမေရိကန် ပထမအဆင့် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် အကောင်အထည်ဖော်ရေး ကဲ့သို့သော ကိစ္စရပ်များဆိုင်ရာ အပြုသဘောဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် ကုန်သွယ်ရေးသဘောတူညီမှု အကောင်အထည်ဖော်ရေး ဆက်လက်တွန်းအားပေးရန် အခြေအနေများနှင့် ပတ်ဝန်းကျင် ဖန်တီးပေးရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)