Economy
၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း ၆.၈ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းအပေါ် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းမှုအား အိမ်ထောင်စု ဝင်ငွေနှင့် ပြင်ပ လိုအပ်ချက် တိုးတက်လာမှုအား အခြေခံကာ ၆.၇ ရာခိုင်နှုန်းမှ ၆.၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်က နောက်ဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခုလို တရုတ်နိုင်ငံ၏ တိုးတက်မှုအပေါ် ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက် ပြင်ဆင်တိုးမြှင့်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလကလည်း ၆.၅ ရာခိုင်နှုန်းမှ ၆.၇ ရာခိုင်နှုန်းသို့ ခန့်မှန်းချက်အား တိုးမြှင့်ခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံက စီးပွားရေးတိုးတက်မှုကို ကြံ့ကြံ့ခံထိန်းသိမ်းခြင်း၊ မက်ခရိုစီးပွားရေး မညီမျှတာကို လျှော့ချဖို့ ရည်ရွယ်လို့ အာဏာပိုင်တွေက တာဝန်ယူကာ ပြုပြင်ပြောင်းလဲမှု အရှိန်ကို ရရှိခြင်းနဲ့ တိုးတက်မှုကို မထိခိုက်စေဘဲ ဘဏ္ဍာရေး အရဲစွန့်မှုတွေကို ကန့်သတ်ခြင်း စတာတွေ လုပ်ခဲ့တယ်” ဟု တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် စီးပွားရေးခေါင်းဆောင် John Litwack ကပြောခဲ့သည်။
၎င်းကဆက်၍ “အဲဒီရလဒ်အရ စီးပွားရေးရေချိန်ညီခြင်းက မြင့်တက်မှုကို ရရှိစေတယ်။ အိမ်ထောင်စု ဝင်ငွေနဲ့ စားသုံးမှု တိုးတက်ခြင်းက ရင်းနှီးမြှုပ်နှံမှု အရှိန်နဲ့ ဆက်စပ်နေတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် အဓိကအားဖြင့် ပြည်တွင်း မူဝါဒတင်းကျပ်မှုကြောင့် ၂၀၁၈ ခုနှစ်တွင် ၆.၄ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၆.၃ ရာခိုင်နှုန်း အထိ အရှိန်လျော့လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ (Xinhua)