Connect with us

Economy

ပါကစ္စတန် နိုင်ငံ ဗဟိုဘဏ် က ပါကစ္စတန်-တရုတ် ကုန်သွယ်မှု တွက်ချက်ရာတွင် တရုတ် ယွမ်ငွေ(RMB) ဖြင့် တွက်ချက်ရန် ခွင့်ပြု

၁၀၀ တန်ဖိုးရှိ တရုတ် ယွမ်ငွေ(RMB) များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ နိုင်ငံတော် ဘဏ် (ဗဟိုဘဏ်) က ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းအချိန်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တရုတ် နှင့် ဆောင်ရွက်သည့် နှစ်ဘက် ကုန်သွယ်မှု ရှင်းတမ်းအား တရုတ် ယွမ်ငွေ(RMB) ဖြင့် တွက်ချက်ရန် ခွင့်ပြုကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံ ၏ အများပိုင် နှင့် ပုဂ္ဂလိက လုပ်ငန်း ကုမ္ပဏီ များအနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် တရုတ် ယွမ်ငွေ ဖြင့် လွတ်လပ်စွာ အသုံးပြု နိုင်ကြောင်း ၊ ပါကစ္စတန် နိုင်ငံ နိုင်ငံတော် ဘဏ် အနေဖြင့် သက်ဆိုင်ရာ ဥပဒေ သတ်မှတ်ချက် များကို ချမှတ် ပြီးဖြစ်ကာ တရုတ် ယွမ်ငွေ ကို ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တွင် ပိုမို အသုံးပြု နိုင်ရန် တွန်းအား ပေး ဆောင်ရွက်မှု ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် လတ်တလော ကာလ နိုင်ငံတကာ နှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ နှင့် အထူး သဖြင့် တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံအရှိန်မြှင့် တည်ဆောက်နေခြင်း တို့ကြောင့် ကုန်သွယ်မှု တွင် တရုတ် ယွမ်ငွေဖြင့် တွက်ချက်ခြင်းဖြစ်ကြောင်း ၊ တရုတ် ယွမ်ငွေ ဖြင့် တွက်ချက် ခြင်းသည် ကုန်သွယ်မှု ကို ပိုမို မြှင့်တင် နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွား နှင့် လည်း ကိုက်ညီမှု ရှိကြောင်း ပါဝင် ခဲ့သည်။

တရုတ် နိုင်ငံ ဗဟိုဘဏ် နှင့် ပါကစ္စတန် နိုင်ငံ ဗဟိုဘဏ် တို့က နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ငွေကြေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တို့ကို တွန်းအား ပေး ဆောင်ရွက်ရန် အတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ တွင် ပမာဏ တရုတ် ယွမ်ငွေ ၁၀ ဘီလီယံ တန်ဖိုးရှိ Currency Swap သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ တွင် ဆက်လက်၍ သက်တမ်းတိုး ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.