Connect with us

Environment, Disasters & Accidents

ထိုင်ဝမ်တွင် အင်အား ၆.၅ အဆင့်ရှိသော ငလျင်လှုပ်ခတ်

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ Hualien နယ်မြေအနီး ရေပြင်အား ဗဟိုပြုကာ ဖေဖော်ဝါရီလ ၆ ရက် ဒေသစံတော်ချိန် ည ၁၁း၅၀ နာရီ၌ အင်အား ၆.၅ ရှိသော ငလျင်တစ်ခု လှုှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) ထံမှ သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၂၄.၁၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၂၁.၇၁ ဒီဂရီ၊ မြေအောက်အနက် ၁၁ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း CENC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။Hualien နယ်မြေရှိ အဆောက်အဦနှင့် လမ်းအချို့ ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ မသိရသေးပေ။ (Xinhua)