Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၄၁ မှုဖြစ်ပြီး ၉ ဦးသေဆုံး

အမြန်လမ်းပေါ်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ၀င်တိုက်မိစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၄၁ မှုဖြစ်ပြီး ၉ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု (၄၁)မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၅ ဦး အမျိုးသမီး ၄ဦး ပေါင်း ၉ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၄၇ ဦး အမျိုးသမီး ၃၆ ဦး ပေါင်း ၈၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အမြန်လမ်းမကြီး၏ ဗောဓိကုန်း အမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၁၃၈/၁ နှင့် ၁၃၈/၂ အကြားတွင် ဖေဖော်ဝါရီ ၂ရက်နေ့ နံနက် ၉ နာရီ၅၀မိနစ် က ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ မောင်းနှင်လာသော Honda Fit မော်တော်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံး သို့ဝင်တိုက်မိခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း ယာဉ် အနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများလျော့နည်း ပပျောက်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းများအဆင့်မြှင့်တင်ခြင်း၊ သတိပေးဆိုင်းဘုတ်များ တတ်ဆင်ပေးခြင်း၊ အမြန်လမ်း တစ်လျှောက်ကျေးရွာများတွက် ကျွဲနွားတိရစ္ဆာန်များမတက်ရောက်စေရန် အကာအရံ များဆောင်ရွက်ပေးခြင်းများပြုလုပ်လျက်ရှိသည်။

အမြန်လမ်းရဲတပ်ဖွဲ့ အနေဖြင့် အမြန်လမ်းမကြီး ပေါ်တွင် တက်ရောက်မောင်း နှင်သည့်ယာဉ်များ ယာဉ် မတော် တဆမှုမဖြစ်စေရန် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်များအား အမြန်နှုန်းတိုင်းကရိယာများ အသုံးပြုဖမ်းဆီးအရေးယူခြင်း၊ ယာဉ်မောင်း နှင့်ယာဉ်ပေါ်ပါရှိသူများအား ခါးပတ်တပ်ဆင်မှုရှိစေရန်ပညာပေး၍ ပညာပေးကာလ ကျော်လွန်သည့် အခါ စစ်ဆေးအရေးယူခြင်း၊ အမြန်လမ်းတစ်လျှောက်ကျေးရွာများတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောခြင်း။ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊အနှေးယာဉ် ဆိုင်ကယ်သုံးဘီး ကျွဲနွား တိရစ္ဆာန်များ အမြန်လမ်းပေါ် တက်ရောက် မောင်းနှင်မှုမရှိစေရေး ပညာပေးခြင်းများဆောင်ရွက် ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117