Connect with us

Environment, Disasters & Accidents

ထိုင်ဝမ် ရထား ပေါက်ကွဲမှုကြောင့် ၂၅ ဦး ဒဏ်ရာရရှိ

ထိုင်ဝမ် ရထား ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ တစ်ဦးအား ဆေးရုံသို့ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

တိုင်ပေ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ၊ တိုင်ပေမြို့တွင် ဇူလိုင်လ ၇ ရက် ည က ခရီးသည် ပို့ဆောင်ရေးရထား တစ်စီး၌ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့၍ ခရီးသည် ၂၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့တော်၏ မီးသတ်ဦးစီးဋ္ဌာန က ဇူလိုင်လ ၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများ ထဲတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်ကာ ဆေးကုသမှု ခံယူရန် ဆေးရုံ ၆ ရုံသို့ ခွဲ၍ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

Hsinchu မြို့ နှင့် Keelung မြို့သို့ ပြေးဆွဲနေသော ခရီးသည်ပို့ဆောင်ရေး ရထား အမှတ် ၁၂၅၈ သည် ဇူလိုင်လ ၇ ရက် ည ၁၀ နာရီ ခန့်တွင် Songshan ဘူတာရုံသို့ ရောက်ရှိလာခဲ့စဉ် ၎င်း၏ ခြောက်တွဲမြောက်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု နောက်ဆက်တွဲ အနေဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နှင့် မီးသတ်သမားများသည် မီးငြိမ်းသွားရန် မိနစ်ပေါင်းများစွာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ၌ ကျိုးပျက်နေသည့် စတီးပြွန်ချောင်း တစ်ခုကို တွေ့ရှိခဲ့ပြီး ယင်းစတီး ပြွှန်ချောင်းသည် ဖောက်ခွဲစေနိုင်သည့် ပစ္စည်း ဖြစ်နိုင်ကြောင်း ယူဆကြပြီး ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

တိုင်ပေရှိ ရထားဘူတာရုံများ နှင့် မြေအောက် ဘူတာရုံများ တွင် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)