Connect with us

Environment, Disasters & Accidents

မကာအို တွင် ရှင်းရှင်း အမည်ရှိ ပန်ဒါမကြီးမှ ပန်ဒါ အမွှာပူး မွေးဖွား

မကာအိုတွင် ပန်ဒါ အမွှာပူး မွေးဖွား ခဲ့သည့် ရှင်းရှင်း ပန်ဒါမကြီး နှင့် ၎င်းသားပေါက် ၂ ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ရေး ဒေသ မကာအိုရှိ မြို့ပြရေးရာ အာဏာပိုင်များက ရှင်းရှင်း အမည်ရှိ ပန်ဒါမ တစ်ကောင်သည် ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းတွင် ပန်ဒါ အမွှာပူးမွေးဖွားခဲ့ကြောင်း နှင့် မကာအိုတွင် ပထမဆုံး မွေးဖွားသည့် ပန်ဒါများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှင်းရှင်းသည် ၎င်း၏ ပထမ ပန်ဒါ သားပေါက်လေးကို ဒေသစံတော်ချိန် ညနေ ၃း၄၅ နာရီ မွေးဖွားခဲ့ပြီး ဒုတိယ ပန်ဒါ သားပေါက်လေးကို ၄း၂၇ နာရီတွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး အလေးချိန်အားဖြင့် ၁၃၅ ဂရမ် နှင့် ၅၃.၈ ဂရမ် အသီးသီး ရှိကြကြောင်း မကာအို အရပ်ဘက်နှင့် စည်ပင်သာယာရေးရာ ဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။
တိရစ္ဆာန် ဆရာဝန်များ၏ အကဲဖြတ်ချက်များ အရ ရှင်းရှင်းနှင့် ၎င်း၏ ပထမပန်ဒါ သားပေါက်လေးသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်သော်လည်း ဒုတိယ ပန်ဒါ သားပေါက်လေးမှာ သာမန် ကိုယ်အလေးချိန်ထက် လျော့နည်းနေ၍ အထူးကြပ်မတ် ဂရုစိုက်ပေးရမည် ဖြစ်ကြောင်း သိရသည်။ ပန်ဒါပေါက်လေးများ၏ အခြေအနေအား ၂၄ နာရီ ပတ်လုံး စောင့်ကြည့်နေပြီး အထီး၊ အမ မခွဲခြားနိုင်သေးကြောင်း သိရသည်။
မကာအို မြို့သား များက ရှင်းရှင်း ဟု အမည်ပေးထားသည့် ပန်ဒါမ တစ်ကောင်နှင့် ခိုင်ခိုင် အမည်ရှိ ပန်ဒါထီး တစ်ကောင် အား တရုတ်နိုင်ငံ ဗဟို အစိုးရ၏ လက်ဆောင်အဖြစ် စီချွမ်ပြည်နယ်ရှိ ချန်ဒူး ပန်ဒါကြီးမျိုး မျိုးပွားမှု သုတေသန အခြေစိုက် စခန်းမှ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.