Connect with us

Environment, Disasters & Accidents

အီကွေဒေါ ငလျင်ဒဏ်သင့် ပြည်သူများ အတွက် လူသားချင်း စာနာမှု အကူအညီများ တိုးမြှင့် ပေးအပ်သွားမည် ဟု တရုတ်နိုင်ငံ ကြေညာ

အီကွေဒေါ ငလျင်ဒဏ်သင့် ပြည်သူတစ်ဦးအား တရုတ် ဆေးတပ်ဖွဲ့မှ ကူညီ ပြုစုနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အီကွေဒေါနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူများ အတွက် ယွမ်ငွေသန်း ၆ဝ ( အမေရိကန် ဒေါ်လာ ၉.၂ သန်း) တန်ဖိုးရှိ လူသားချင်း စာနာမှု အကူအညီများ ပေးအပ်သွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန (MOC) က ဧပြီလ၂၅ ရက်တွင် ကြေညာခဲ့ပြီး လက်ငင်း ထောက်ပံ့ငွေ အဖြစ် ငွေသား အမေရိကန် ဒေါ်လာ ၂သန်း ကိုလည်း ဧပြီလ ၂၁ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေး အထောက်အပံ့များကို လေယာဉ်ဖြင့် အီကွေဒေါ နိုင်ငံသို့ပေးပို့သွားမည် ဖြစ်သလို နောက်ဆုံး အသုတ်တွင် ငလျင်ဒဏ်သင့် ပြည်သူများ အတွက် ပြန်လည် ထူထောင်ရေး အသုံးအဆောင်များနှင့် ပစ္စည်များ ပါဝင်မည်ဟု MOC က ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံ အစိုးရအနေဖြင့် အီကွေဒေါ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် ထောက်ပံ့ရေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု MOC က ဆိုသည်။

အီကွေဒေါ နိုင်ငံသည် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁၆ ရက်က ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ဒဏ် ခံစားခဲ့ရပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ဦးရေမှာ ၆၅ဝ ကျော် အထိ မြင့်တက်နေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.