Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး ဒဏ်ရာရရှိ

တရုတ်နိုင်ငံ တောင်ပိုင်းရှိ မူလတန်းကျောင်း တစ်ကျောင်းပေါ်သို့ မြေပြိုကျလာစဉ် (ဆင်ဟွာ)

နန်နင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဂေါင်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ Rong’an ခရိုင်တွင် ဧပြီလ ၂၁ ရက်က မြေပြိုမှု ဖြစ်ပွားရာဒေသရှိ မူလတန်း ကျောင်းတစ်ခုလည်း ထိခိုက်ခဲ့ကာ ထိုအပျက်အစီးများကြောင့် ဒဏ်ရာ ရရှိသူ အနည်းဆုံး ၂၁ ဦး ရှိကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုမှာ ဧပြီလ ၂၁ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပြီး ထိုပြိုကျလာသော မြေကြီးများသည် ယင်းပြည် နယ်ရှိ ဖူရှီမြို့နယ်က Liuliao မူလတန်းကျောင်းရှိ စာသင်ဆောင်များ၏ နံရံများပေါ်သို့ ပြိုကျခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသူ အများစုမှာ အဆိုပါ Liuliao မူလတန်း ကျောင်းမှ ကျောင်းသားများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူများ အားလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းအနက်မှ ၇ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ဒေသဆိုင်ရာ တာဝန်ရှိ သူများထံမှ သိရသည်။

သေဆုံးသူ စာရင်းများမှာမူ လတ်တလော မသိရှိရသေးကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။ (Xinhua)