Connect with us

Environment, Disasters & Accidents

ပေကျင်း တွင် Wifi စနစ်ပါဝင်သည့် သန့်စင်ခန်းများ တည်ဆောက် သွားမည်

တရုတ်နိုင်ငံရှိ Wifi စနစ်ပါဝင်သည့် သန့်စင်ခန်းများအားတွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ပေကျင်း မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် တွင် Free Wifi စနစ် ပါဝင်သည့် သန့်စင်ခန်း အလုံး ၁၀၀ ကို ၂၀၁၆ ခုနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Tongzhou နှင့် Fangshan ဒေသများတွင် တည်ဆောက်သွားမည့် သန့်စင်ခန်းများတွင် ATM စက်များနှင့် မိုဘိုင်းဖုန်း၊ လျှပ်စစ် ယာဉ်များ အားသွင်းနိုင်ရန် အတွက် အားသွင်း နိုင်သည့် စနစ်များလည်း တပ်ဆင် ပေးထားမည် ဖြစ်ကြောင်း မြို့တော် စီမံ ခန့်ခွဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပေကျင်း စည်ပင်သာယာရေး ကောင်စီ အရာရှိ တစ်ဦးဖြစ်သူ Ji Yang က ပြောကြားခဲ့သည်။

ကလေးငယ်ကို ချီပိုးထားသည့် မိခင်အနေဖြင့် အခက်အခဲ မရှိစေရန် သန့်စင်ခန်းနှင့် ကပ်လျက်တွင် ကလေးငယ်များ ထိုင်ရန် အတွက် ထိုင်ခုံများ ထည့်သွင်း ပေးထားကြောင်း သိရသည်။
ယင်းသန့်စင်ခန်း တစ်လုံးအား တည်ဆောက်ရန် အတွက် တရုတ်ယွမ် ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၇,၆၈၅) နှင့် တရုတ်ယွမ် ၁၀၀,၀၀၀ ကြား ကုန်ကျနိုင်မည် ဖြစ်ကြောင်း Ji က ဆင်ဟွာသို့ ဧပြီလ ၂၅ ရက်က ပြောကြားခဲ့သည်။
မြို့တော် အတွင်း သန့်စင်ခန်းများ ပြောင်းလဲပြုပြင်ရေး အား ကျန်းမာရေး နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန် အတွက် နောက် ငါးနှစ်အတွင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Ji က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဧပြီလ ၂၂ ရက်က ပြောကြားခဲ့သည်။
လူစည်ကားရာ နေရာများနှင့် ဈေးဝယ် စင်တာများရှိ အမျိုးသမီး သန့်စင်ခန်းများ တွင် တန်းစီ စောင့်ဆိုင်းမှုများ အမြဲလိုလို ဖြစ်နေသည့် အတွက် စံညွှန်း အသစ်များသည် သန့်စင်ခန်းနှင့် လူအရေအတွက် ၁ း ၁.၅ ဖြစ်စေရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.