Connect with us

China

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် ထူးကဲရေကြီးရေလျှံမှုဖြစ်ပွား

- တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ချင်းယွမ်မြို့ရှိ ဟန်ကွမ်းမြို့နယ်တွင် ရေနစ်မြုပ်သောနေရာကို ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ မြစ် ၂၄ စင်း၏ ရေအားလျှပ်စစ်စက်ရုံ ၃၈ ရုံတွင် ရေလယ်ဗယ်များမှာ ဧပြီ ၂၁ ရက် ညနေ ၄ နာရီအထိ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရေအရင်းအမြစ်ဌာနအရ သိရသည်။ Beijiang မြစ်အောက်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်‌ပေါ်နိုင်ကြောင်း၊ ပြည်နယ်ဆိုင်ရာ သဘာဝဘေးလျှော့ချရေးကော်မတီက ကွမ်တုန်းပြည်နယ်ရှိ Shaoguan နှင့် Qingyuan မြို့များ၌ ရေကြီးရေလျှံမှုကို ကိုင်တွယ်ဆောင်ရွက်ရန် အရေးပေါ်တုံ့ပြန်ရေးအဆင့် ၄ အဖြစ် ကနဦးသတ်မှတ်ထားကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SP1


……………………..
(English Version)
Massive flooding hits China’s Guangdong
GUANGZHOU, April 21 (Xinhua) — A total of 38 hydrological stations at 24 rivers in south China’s Guangdong Province have reported water levels surpassing the alert threshold as of 4 p.m. on Sunday, according to the provincial department of water resources. The lower reaches of the Beijiang River were expected to experience big floods caused by the heavy and continuous downpours. The provincial disaster reduction committee has initiated a Level IV emergency response to tackle the floods that hit the cities of Shaoguan and Qingyuan in Guangdong. Rescue efforts are also underway.
Photo: An aerial drone photo taken on April 21, 2024 shows a submerged area in Hanguang Town of Qingyuan, south China’s Guangdong Province. (Xinhua/Huang Guobao)